Monday, September 30, 2013

ရိုဟင်ဂျာကလေးများကိုရိုက်နှက်လိင်တူဆက်ဆံ၊ မောင်တော။



၂၅၊ ၉၊ ၂၀၁၃ ရက်နေ့တွင် နံနက် ၁၂း၀၀ နာရီ နှင့် ၁း၀၀ နာရီအကြားတွင် ကညင်တန်း(မြို့မ)ကျေး ရွာပိုင်၊ မောင်နီရွာစခန်းမှ လုံတိန်း ၄-ယောက်သည် မူးယစ်ဆေးဝါးသုံးစွဲကာ မောင်နီအနောက်ရွာရှိ ကင်းစခန်းသို့ လာ ရောက် ကင်းစောင့်နေသော ကလေး ၄-ဦးအား ရောင်းစားခံအမျိုးသမီးများအား ရှာဖွေပေးရန်ပြောလာသည်။ သူတို့သည် ရွာပတ်ရှာဖွေခဲ့ပြီးမတွေ့ကြောင်းပြောလာသဖြင့် တို့အား ရိုက်နှက်နှိပ်စက်ကာ လိင်တူချင်း ဆက်ဆံခဲ့ပါသည်။

ရိုဟင်ဂျာပိုင်လယ်ယာမြေများသိမ်းယူခြင်း၊ မောင်တော။


ဒုချီးရာတန်း နှင့် နိုရိုလာရွာကြားရှိ မိုနာစရီကွင်းသည် ရိုဟင်ဂျာများပိုင်သော လယ်ယာမြေဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ဧက ၄၇၀ သိမ်းယူပြီး န.တ.လ အားလွဲအပ်ပေးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် တစ်ခါထပ်မံ ဧက ၂၀ ကိုလည်းသိမ်းယူခဲ့သည်။ ယခုကျန်ရှိသော ဧက ၁၀၀ နီးပါးကိုလည်း န.တ.လ များလာရောက် ထွန်ုယက် နေသောကြောင်းကိုရွာသားများက ခရိုင်စိုက်ပျိုးရေးမန်နေဂျာအားတိုင်တန်းခဲ့ရာ ၎င်းမန်နေဂျာက န.တ.လ များအားတားမြစ်ခဲ့သည်။ ၎င်းပြင် ဗောဓိဂုဏ်းကျောင်းတိုက်ဆရာတော်က မြို့နယ်နှင့်ခရိုင်အုပ်ချုပ်ရေး မှူးများ နှင့် ညှိနိုင်း၍ ကျောင်းအတွက်လိုအပ်နေသည်ဟုဆိုကာ ရိုဟင်ဂျာများအား စိုက်ပျိုးရန်တားမြစ်ခဲ့သည်။ ထို့အပြင် ရိုဟင်ဂျာများကို ၎င်းမြေပြင်ပေါ်တွင် တွေ့လျှင်သတ်ပစ်မည်ဟု န.တ.လ များနှင့်ဘုန်းကြီးများက ခြိမ်းခြောက်နေသည်။ ၎င်းမြေသည် နိုရိုလာနှင့် ဒုချီးရာတန်းရွာသားများအဓိက မှီခိုအားထားရသောမြေ ဖြစ်ပါ သည်။ ယခု ၎င်းမြေကိုထွန်ယက်စိုက်ခြင်းမပြုနိုင်သည့်အတွက်ကြောင့် ရွာသားများစာဝတ်နေရေး အလွန်ပင် ကျပ်တည်း မှုနှင့်ရင်ဆိုင်ရလျက်ရှိနေပါသည်။

ဘူးသီးတောင်အကျဥ့်ထောင်၌ ရိုဟင်ဂျာတစ်ဦးအသတ်ခံရ၊ မောင်တော။


မူဟမတ် အီနုစ် (ခ) ဘိုက်တျား (ဘ) ကုလျာများ အသက် ၆၅-နှစ် နူရုလာရွာအရှေ့သည် ယခင်နှစ် အရေး အခင်းဖြစ်ပြီးနောက် နိုရုလာရွာမှ လူ ၂၄-ယောက် ဖမ်းဆီးခဲ့ရာတွင် ပါဝင်ခဲ့ပြီး ဘူးသီးတောင် ထောင်သို့ ပို့ခြင်းခံ ခဲ့ရသည်။ ၂၂၊ ၉၊ ၂၀၁၃ ရက်နေ့ နံနက် ၁း၀၀-နာရီတွင် သူနှင့် တစ်ခြားအကျဥ့်သားတစ်ဦးနှင့် စကားပြောနေသည်ကို တာဝန်ကျရဲတစ်ဦး လာရောက်ဆဲဆိုပြီး မေးမြန်းခဲ့ရာ က နေမကောင်းဖြစ် ပြော ပြနေကြောင့်ပြောသော် ရဲက သူ့ကိုအပြင်သို့ခေါ်သွားကာ သစ်ပင်ကြီးတစ်ပင်အောက်၌ လူမဆန်စွာ ရိုက်နှက် ခဲ့သဖြင့် နံနက် ၃း၀၀ နာရီတွင် အသက်ဆုံးရုံးခံခဲ့ရသည်။ နံနက် ၇း၀၀ နာရီတွင် ဘူးသီးတောင် ဆေးရုံ သို့တင်ပို့ခဲ့ပြီး ညနေ ၃း၀၀ နာရီတွင် ဆေးရုံမှပြန်ထုတ်ပေးလိုက်သည်။ အလောင်းသင်းဂြိုလ်နိုင်ရန် ရဲအား ငွေတစ်သိန်းပေးခဲ့ရသည်။ အလောင်းကို လတ်ဝဲတတ် အမှတ် (၃) သင်္ချီုင်း၌ သင်္ဂြိုလ်ခဲ့ပါသည်။

လူကုန်ကူးမှုတားဆီးရေးအဖွဲ့ရဲ့မှငွေညှစ်မှု၊ မောင်တော။



၁။ အဒူရော်ဟိမ်း       (ဘ) အဒူဂေါ်နီ
၂။ ယာစိန်း               (ဘ) အာမိရ်ဟူဆိန်း
၃။ အဒူလာမိန်          (ဘ) ဘာဆူမျာ
၎။ ဂူလာဟူဆိန်း       (ဘ) အဒူဇော်လိလ်
၅။ မ-မေါလ်ခါဘာနူ  (ဘ) အာလီအာက်ဘောရ်
၆။ မူဟမတ် ဂျလာလ်(ဘ) ဆုလ်တာန်း
၇။ အာမိန်                 (ဘ) ခေါလိလ်း
ပဒင်းကျေးရွာတို့ကို လူဖွဲ့စား အဒူကာဒိရ် (ဘ) ရှောရိုးဟူဆိန်း (ပဒင်း) က လွန်ခဲ့သော ၇-နှစ် ကတည်းက မလေးရှားနိုင်ငံသို့ ပို့ရာတွင် သီရိလင်္ကာနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရပြီးတောင်ဒဏ် ၅-နှစ်စီ ကျမှတ်ခံခဲ့ရသဖြင့် ဖွဲ့စားက တို့ထံမှ ရရန်ရှိသောငွေ (၃) သိန်းစီကို တောင်းခံခြင်းမရှိခဲ့ချေ။ ယခု တို့သည် ထောင်မှ လွှတ်ပြီးမလေးရှားသို့ ရောက်သွားသဖြင့် ဖွဲ့စားက တို့၏မိဘထံမှ ငွေ (၃) သိန်းစီတောင်းခံနေသည် ကို ငြင်းဆန်ခဲ့သဖြင့် ဖွဲ့စားက (ရဲ) လူကုန်ကူးမှုတားဆီးရေး အဖွဲ့သို့တိုင်တန်းခဲ့သည်။ ၂၄၊ ၉၊ ၂၀၁၃ ရက်နေ့ နံနက် ၉း၀၀ နာရီ တွင်ရဲအဖွဲ့က ပဒင်းသို့သွား ထိုလူများ၏ မိဘများထံမှ ငွေ ၅၀၀၀၀ စီညှစ်ယူခဲ့သည်။

Sunday, September 22, 2013

လှည့်ကြည့်လှည့်ပါ



·         ဖြစ်ချင်တာတွေ
ဘယ်တော့မှ ဖြစ်ခွင့်မသာ . . .
လုပ်ချင်တာတွေ
ဘယ်တော့မှ လုပ်ခွင့်မသာ . . .
ပြောချင်တာတွေ
ဘယ်တော့မှ ပြောခွင့်မသာ . . .
လိုသံသရာ၊ ငါလူသားမှာ
ရက်စက်ကြမ်းကြုတ်ခံနေရမှုများ
ဖိနှိပ်ချုပ်ချယ်ခံနေရမှုများ
ထိန်းချုပ်လှောင်ပိတ်ခံနေရမှုများ
“ခံနေရမှု” ပေါင်းများစွာအောက်
ဒူးထောက်၊ ခေါင်းငုံ့နေရပြီး
တုံ့ပြန်အားကင်းမဲ့စာနှင်
လူ့ဘ၀ကို လူမဆန်စွာပဲ
ခက်ခဲကြမ်းတမ်းစွာ
အသက်ရှင်ဖြတ်သန်းနေရ . . .။

Monday, September 2, 2013

“သနားစရာလွှတ်တော်ကိုယ်စားလှယ်”



လွှတ်တော်ကိုယ်စားလှယ်ဟူသည် ပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြသည်။ တို့ကို ပြည်သူများက မိမိတို့၏အသဲထဲက မဲပြားများဖြင့်ရွေးချယ်တင်မြောက်ရောသည်။ မိမိတို့ မဲဆနရှင်ပြည်သူများအတွက် လိုအပ်၊ သင့်တော်၊ ယျေက်ပတ် ဖက်စုံ ဒေါင့်စုံ နှင့်ကိုက်ညီသော ဥပဒေများကို သဘော ချင်း မျှ၊ ဓေါင်ချင်းညှိ ဆွေးနွေးတိုင်ပင်ပြဌာန်းရခြင်းသည်ပင်လျှင် ထိုသို့သောကိုယ်စားလှယ်တော်ကြီးများ၏ အဓိကတာဝန်ပင်ဖြစ်သည်။