Showing posts with label Article. Show all posts
Showing posts with label Article. Show all posts

Tuesday, May 21, 2013

ရင်အေးနိုင်ပါ့မလား

        “မပြောလည်းမပြီး၊ မတီးလည်းမမြည်” ဆိုတဲ့ စကားရှိပါတယ်။ မပြောလည်းမပြီးဆုံးနိုင်၊ မတီးလည်း အသံမမြည်နိုင် …. ပြောရှင်သည်က မိန့်ခွန်း တစ်ရပ်အကြောင်း ….။
        ၂၀၁၂-ခုနှစ် အတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွါးခဲ့သော ပဋိပက္ခများ၏ အကြောင်းအရင်းများကို စနစ်တကျ ရှာဖွေဖေါ်ထုတ်ရန်နှင့် အလားတူ ပဋိပက္ခများ တပ်မံမဖြစ်ပွါးစေရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာကို ၂၀၁၃-ခုနှစ် ဧပြီလ ၂၉-ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ၂၀၁၃-ခုနှစ် မေလ ၆-ရက်နေ့တွင် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါသည်။ သမ္မတကြီး၏ မိန့်ခွန်းတွင် ပါဝင်သော အချက်များကို သုံးသပ်ထောက်ဆကြည့်လျှင် အပြောနှင့်အလုပ်၊ အလုပ်နှင့်အပြာ မညီညွှတ်ကြောင်းကို တွေ့ရ သည်က တစ်ကြောင်း၊ လက်တွေ့နှင့်အိပ်မက်၊ အိပ်မက်နှင့်လက်တွေ့ မအပ်စပ်က တစ်ဖုံ၊ ဦးတည်ချက်နှင့် လုပ်ဆောင်ချက်၊ လုပ်ဆောင်ချက်နှင့်ဦးတည်ချက် လိုက်ဖက်မှုမရှိသည်က တစ်မျိုး၊ သနားမှုနှင့် စာနာမှု၊ စာနာမှုနှင့်သနားမှုတို့ ကင်းကွာသည်က တစ်သွယ် စသည်ဖြင့်တွေ့နိုင်ပါသည်။ အမြန်နှင့် အမှန်ဆိုရလျှင် သမ္မတကြီးသည် (ကိုယ့်ကိုဝိုင်းကြည့်မယ့်) ပရိသတ်တသပြီး ရန်ပွဲတစ်ခုစလိုက်ခြင်းဖြစ်ပါသည်။ “ If you want an audience, start a fight” ဆိုတဲ့ ဂေးလ်စကားပုံကို မြတ်နိုးခဲ့ခြင်းနှင့် မကင်းပေ။ ပရိသတ်(ပြည်သူ) တွေရဲ့ စူးစိုက်မှုခံယူဖို့အတွက် အကွက်ကျကျ တိုက်ပွဲဆင်၊ စုံစမ်းရေးကော်မရှင်ဖွဲ့၊ အစီရင်ခံစာတင်သွင်းစေ၊ မိန့်ခွန်းဟော ….။ ဘော်လုံးလောကမှ အကျော်အမော် ဂူရုကြီးဖါဂူဆန်ရဲ့ လေသံနှင့်ပြောရသော် “ဒီလူဟာ မိန့်ခွန်းဟောဖို့ မွေးဖွားလာတဲ့သူ” ….။ မေးခွန်းသည် မေးခွန်း၊ မိန့်ခွန်းသည် မိန့်ခွန်း၊ မေးခွန်း ပေါ်လာရခြင်း၏ အကြောင်းရင်းက အဖြေရဖို့၊ မိန့်ခွန်းပေါ်လာခြင်း၏ အကြောင်းရင်းက အမိန့်နာခံစေဖို့ဖြစ်ပါသည်။ သို့သော် အမိန့်နာခံဖို့ ပုဂ္ဂိုလ်က ရှိမှမရှိတာပါ။ ရခိုင်ပြည်နယ် အုပ်ချုပ်သူအများအပြားက “ရခိုင်”၊ သမ္မတကြီးဦးသိန်းစိန် က ရခိုင်ပြည်နယ်ကို ရောက်၍အိမ်တိုင်ရာရောက်သွားပြီး အမိန့်ပေးမှ၊ မိန့်ခွန်းဟောမှဖြင့် ….။ သမ္မတကြီးရဲ့ မိန့်ခွန်းကို တစ်ခွန်းစ နှစ်ခွန်းစ နားထောင်ကြပါစို့လား။ ကဲ့ …. “ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်ပတ်သက်ပြီး ကျွန်တော်တို့အစိုးရရဲ့ဦးတည်ချက်ဟာ လက်ရှိအခြေအနေကို လက်တွေ့ကျတဲ့ နည်းလမ်းများနှင့် ကိုင်တွယ် ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာရေးကို ရှေ့ရှုတဲ့ ဦးတည်ချက်များနှင့် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ….”တဲ့။ ရခိုင်ပြည်နယ် ပဋိပက္ခသည် မကြာမီ တစ်နေ့ဟူသောတာကို စိုက်ထူလိမ့်မည်။ ယ္ခုအချိန်ထိ ကိုင်တွယ်ဖြေရှင်းပုံများသည် အရာမရောက်ပေ။ သို့သော် “အနာဂတ်”ဟူသောစကားလုံးကို စာနာမိပါသည်။ အနာဂတ်သည် မည်သည့်အခါမှ ပစ္စုပ္ပန် မဖြစ်နိုင်။

Tuesday, May 7, 2013

ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရဖို့ လူပေါင်းများစွာသတ်ဖို့လိုနေပြီးလား

        ထူးဆန်းသော လောကကြီးမှာ ထူးဆန်းမှုတွေ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်တတ်၏။ ဤသို့ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသော ထူးဆန်းမှုတွေ ထဲတွင် လူသားများနားလည်လက်ခံတတ်သော၊ လူသားများ၏ စိတ်နှလုံးကို ချမ်းမြေ့စေသော ထူးဆန်းမှုမျိုးနှင့် လူသားများ နားမလည် လက်မခံတတ်သော၊ လူးသားများ၏ စိတ်နှလုံးကို မခံချိမခံသာ ဖြစ်စေသော ထူးဆန်းမှုမျိုးဟူ၍ နှစ်မျိုးနှစ်စား ဖြစ်ပေါ်တတ်၏။ ကမ္ဘာတည်သရွေ့လည်း ဖြစ်နေ ဦးမှာပင်။
        သို့သော် သိတ်မကြာခဲ့သောနေ့တစ်နေ့၌ ကမ္ဘာ့ပေါ်တွင် ဘယ်တုန်းကမှ မဖြစ်ပေါ်၊ မဖြစ်ပွားခဲ့သော ထူးဆန်းမှုတစ်ခု အမှန်တကယ်ဖြစ်ပေါ်ခဲ့၏။ ထိုထူးဆန်းမှုကိုတော့ အသိဥာဉ်ရှိသူတိုင်း၊ စဉ်းစားဆင်ခြင်တတ် သူတိုင်း ဘယ်သူကမှ အဘယ်ကြောင့်မျိုးနဲ့ ဖြစ်ပါစေ နားလည်သဘောတူ လက်ခံလိမ့်မည်မဟုတ်ချေ။

Thursday, April 25, 2013

အာရ်ကာန်(ခ)ရခိုင်နိုင်ငံတော်နှင့် ရိုဟင်ဂျာသမိုင်းအကျဉ်း


        အာရ်ကာန်နိုင်ငံသည် ရှေးနှစ်ပေါင်း ၅၀၈၄နှစ်မှစ၍ စတင်ပေါ်ပေါက်ခဲ့သောနိုင်ငံတော်ဖြစ်သည်။ ၎င်းတွင် ခေတ် ၄-ခေတ် ဒေညာဗာတီ(ခ)ဓည၀တီ၊ ဗေဆာလီ(ခ)ဝေသာလီ၊ လေးမြို့၊မြို့ဟောင်း(ခ)မြောက်ဦးခေတ်ဟူ၍ ခေတ် ၄-ခေတ်ပေါ်ထွန်းခဲ့သည်။ ယ္ခုအခါ ထိုနိုင်ငံတော်ကြီးသည် မြန်မာနိုင်ငံ၏ပြည်နယ် တစ်ခုအဖြစ်ရပ်တည် နေရပါသည်။ ၎င်းပြည်သည် မြှောက်လတ္တီကျူး ၁၇ ဒီဂရီ၊ ၁၅ မီနစ် နှင့် ၂၁ ဒီဂရီ၊ ၁၁ မီနစ် အရှေ့လောင်ဂျီကျူး ၉၂ ဒီဂရီ၊ ၁၁ မီနစ်နှင့် ၉၄ ဒီဂရီ၊ ၅၅ မီနစ်အတွင်းတည်ရှိနေပါသည်။ နတ်မြစ်၊ မယူ(ခ)မေယုမြစ်၊ ကုလားတန် မြစ်နှင့်လေးမြို့မြစ်တို့သည်လည်းကောင်း၊ မယူတောင်တန်း၊ ဒေါလမာ(ခ)သြရမတောင်တန်း၊ စစ်ကိုင်းတောင် တန်းနှင့်ရိုးမတောင်တန်းတို့သည်လည်းကောင်း၊ မြောက်မှတောင်သို့စီတန်းစီးဆင်းနေကြသည်။ တောတောင်၊ မြစ် ချောင်းအင်းအိုင်ပေါများသောဒေသဖြစ်သည်။