Thursday, April 25, 2013

အာရ်ကာန်(ခ)ရခိုင်နိုင်ငံတော်နှင့် ရိုဟင်ဂျာသမိုင်းအကျဉ်း


        အာရ်ကာန်နိုင်ငံသည် ရှေးနှစ်ပေါင်း ၅၀၈၄နှစ်မှစ၍ စတင်ပေါ်ပေါက်ခဲ့သောနိုင်ငံတော်ဖြစ်သည်။ ၎င်းတွင် ခေတ် ၄-ခေတ် ဒေညာဗာတီ(ခ)ဓည၀တီ၊ ဗေဆာလီ(ခ)ဝေသာလီ၊ လေးမြို့၊မြို့ဟောင်း(ခ)မြောက်ဦးခေတ်ဟူ၍ ခေတ် ၄-ခေတ်ပေါ်ထွန်းခဲ့သည်။ ယ္ခုအခါ ထိုနိုင်ငံတော်ကြီးသည် မြန်မာနိုင်ငံ၏ပြည်နယ် တစ်ခုအဖြစ်ရပ်တည် နေရပါသည်။ ၎င်းပြည်သည် မြှောက်လတ္တီကျူး ၁၇ ဒီဂရီ၊ ၁၅ မီနစ် နှင့် ၂၁ ဒီဂရီ၊ ၁၁ မီနစ် အရှေ့လောင်ဂျီကျူး ၉၂ ဒီဂရီ၊ ၁၁ မီနစ်နှင့် ၉၄ ဒီဂရီ၊ ၅၅ မီနစ်အတွင်းတည်ရှိနေပါသည်။ နတ်မြစ်၊ မယူ(ခ)မေယုမြစ်၊ ကုလားတန် မြစ်နှင့်လေးမြို့မြစ်တို့သည်လည်းကောင်း၊ မယူတောင်တန်း၊ ဒေါလမာ(ခ)သြရမတောင်တန်း၊ စစ်ကိုင်းတောင် တန်းနှင့်ရိုးမတောင်တန်းတို့သည်လည်းကောင်း၊ မြောက်မှတောင်သို့စီတန်းစီးဆင်းနေကြသည်။ တောတောင်၊ မြစ် ချောင်းအင်းအိုင်ပေါများသောဒေသဖြစ်သည်။

Saturday, March 16, 2013

"ကျပ်မပြည့်သော ကလေးမီးပွားခြင်း(သို့) တစ်ခေတ်ဆန့်လာသည့် တက္ကသိုလ်ဝင်စာမေးပွဲ"


        ၂၀၁၃ ခုနှစ် မတ် ၁၃ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စတင်၍ ကျင်းပနေကြသည်။ စာမေးပွဲကြီး သည် အခြေခံပညာရေး၏ နောက်ဆုံး စာမေးပွဲဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော် စာဖြေသူ၏ ဘ၀တစ်ဆစ်ချိုးချိန် ဖြစ်၍ အလွန်အရေးကြီးသော စာမေးပွဲဟူ၍လည်းဆိုနိုင်သည်။
        ထိုအရေးကြီးသော စာမေးပွဲကို အောင်မြင်နိုင်ရန် ကျောင်းသားကျောင်းသူများသည် တစ်နှစ်ပတ်လုံး

Friday, March 15, 2013

"ပျားတို့ဘ၀သဖွယ် ရိုဟင်ဂျာ့ဘ၀"


·         ဟိုတောင် ဒီတောင်၊ ပျံဝဲရင်း
ဟိုပင် ဒီပင်၊ လိုက်ကြည့်ရင်း
ဟိုပန်းပေါ် ဒီပန်းပေါ်၊ နားသယောင်နှင့်
မရပ်မနား ၀တ်မှုန် ကူးရင်း
နှုတ်သီးဖြင့် သယ်လာ၊ သေးငယ်အစက်
အချိန်ယူပြီး၊ ပျားအုံဆောက်ကြ ….

·         အားချိန်မရှိ
ပင်ပန်းမှန်းမသိ

Wednesday, December 19, 2012

ရခိုင်ပညာရေးအဟောသိကံ

         “ပညာဆိုသည် မြတ်ရွှေအိုး”၊ “ပညာရွှေအိုး လူမခိုး”၊ “အလိမ္မာ စာမှာရှိ”၊ “ပညာမျက်စိ လူမသိ” စသည်ဖြင့် ပညာရှင်များက ပညာ၏တန်ဖိုးကို အမျိုးမျိုးဖေါ်ကျူးလေ့ရှိကြသည်။ အဓိပ္ပါယ်အားဖြင့် တတ်သိနားလည်ခြင်းဟု ပြောဆိုရေးသားလေ့ရှိသည်။ အမှန်မှာ ပညာ၏အဓိပ္ပါယ်မှာ ပိုမိုနက်ရှိုင်းပါသည်။ လွန်ခဲ့သောနှစ်ပေါင်း (၃၀) လောက်က စာရေးသူလေ့လာဖတ်ရှုခဲ့သော စာအုပ်တစ်အုပ်တွင်မူ- ပညာ၏အဓိပ္ပါယ်ကို တစ်မျိုးဖေါ်ကျူးထားခဲ့သည်ကို တွေ့ရှိ ခဲ့ပါသည်။ လူသားတစ်ယောက်၏ အခြေခံလူအပ်ချက်အပေါ်မူတည်၍ ဖော်ပြထားပါသည်။ လူသားတစ်ယောက်၏ အခြေခံလူအပ်ချက်ကား စားဝတ်နေရေးပင်ဖြစ်သည်။ စားရန် အစာ လိုအပ်ခြင်း၊ ၀တ်ရန် အ၀တ်အထည်လိုအပ်ခြင်းနှင့် နားနေအိပ်စက်ရန် နေအိမ်လိုအပ်ခြင်းတို့ ဖြစ်ကြပါသည်။ ၎င်းတို့သည် မရှိမဖြစ်လိုအပ်ချက်များဖြစ်၍ ရယူနိုင်ရန် ရုန်းကန်ကြိုးပမ်းရပါသည်။ ဤတွင် ထိုလူသားသည် အခက်အခဲ့၊ ဒုက္ခ၊ အဆင်မဖြေမှု၊ အဟန့်အတား စသည်ဖြင့် စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်ရပါသည်။ ထိုစိန်ခေါ်မှုအရပ်ရပ်ကို ရင်ဆိုင်ဖြေရှင်းရာ၌ လိုအပ်သောလက်နက်ကောင်းကို ပညာဟုခေါ်ဆိုနိုင်ကြောင့် ရေးသားထားသည်ကို တွေ့ခဲ့၊ ဖတ်ခဲ့ဖူးပါသည်။ ထို့ကြောင့် ပညာသည် တန်ဖိုးမဖြတ် နိုင်သောအရာ၊ လူသား တိုင်းအတွက် အလိုအပ်ဆုံးအရာ ဖြစ်ကြောင့် သိသာထင်ရှားပါသည်။

Sunday, December 16, 2012

ရိုဟင်းမြေ၏အမွေခံ


‎
·         - ခုတ်တွင်ရှင်းလင်း၊ ထူထပ်တောင်
        ဤဒေသ၀ယ်၊ မြို့တည်ထောင် ……

      - ရွာဟောင်းအမည်၊ မြို့ရွာဟောင်း
        စုပေါင်းနေလာ၊ နှစ်တောင်ပေါင်း …..

      - ကိုယ်ပိုင်အိမ်နှင့်၊ နေနေလာ
        ဤဒေသမှာ၊ တစ်သက်တာ …..
      - ရာဇ၀င်ကောင်း၊ သမိုင်းကြောင့်
        လက်လွတ်မခံ၊ အမွေဟောင်း …..။

·         - "ပညာမရှိ၊ ထိုလူသား
        မျက်စိရှိရင်း၊ မျက်ကန်းပါ"
        ဆိုရိုးစကား၊ ရိုဟင်ဂျာ့ …..

Saturday, December 8, 2012

ပန်းတိုင်သို့

ကျော်ရန် အဟန့်
ဆွတ်ရန် အောင်ပန်း
ရေကုန် ရေခမ်း
လိုက်နာ စည်ကမ်း
မမူ အကြမ်း
ခံမည် အဖမ်း
စိတ်က ပင်ပန်း
မေ့၍ အနမ်း
ရှေ့သို့သာလှမ်း
နောက်မဆုတ်တမ်း
အမှားဟောင်း မွံ့မံ
ဖော်ထုတ် အမှန်
နလုံးသားသန့်
ပူးပေါင်းအံ့……………
                         ရိုဟင်းဇာနည်

ဆုတောင်း


၁။    အဖော်မဲ့ အားငယ်
       ကိုးရာမဲ့ စိတ်ငယ်
       ပြုသမျှခံ ရိုဟင်ဂျာမှန်
       နောင်ရေးကိုတွေး ရတက်မအေး
       စိတ် အမြဲ လေး….
၂။    ရှိတာကို မရှိခံ
       ပိုင်ရှင်ဖြစ်လည်း အသိမ်းခံ
       အိမ်တွေ မီးရှို့ခံ
       အသက်တွေ စတေးခံ
       ရေရှည် စီမံ
       ခံ…ခံ…ခံ
       ရိုဟင်ဂျာ လောကဓံ….
၃။    ထွက်ပေါက်မဲ့ ရိုဟင်ဂျာ
       ကုလားတန်မြစ်က ဖြေသိမ်းစရာ
       ရာဇာဝင် ရိုင်းတဲ့ လှိုင်းတွေကြား
       အသက်ပေါင်းများစွာ မျိုသိပ်ခံရ….