Tuesday, November 20, 2012

သမ္မတအိုဘာမ၏ မိန့်ခွန်းအပေါ်မကျေနပ်၍ရခိုင်များ၏မီးရှို့စိန်ခေါ်မှု၊ မောင်တောမြို့




       ၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ ၁၉ရက်နေ့ ညနေ ၈ နာရီတွင် ကိုင်းကြီးရွာ(ရခိုင်ရွာ)နေ ရခိုင်အကြမ်းဖက်သမားမျာက ဘာရက်အိုဘားမ၏ မိန်းခွန်းအပေါ် မကျေမနပ်ဖြစ် ထိုရွာအနီးရှိ ရိုဟင်ဂျာရွာတစ်ရွာကို မီးရှို့ခဲ့သည်မှာ ၁၀-အိမ်ကျော် မီးလောင်သွားပါသည်။
       ၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၈ နာရီတွင် မောင်တောတောင်ပိုင်းရှိ ဇော်မတတ်ကျေးရွာအုပ်စု၊ ဟင်းသာရကျေးရွာကို ဇော်မတတ်ကျေးရွာအုပ်စု၊ ကိုင်းကြီးကျေးရွာနေ ရခိုင်သားများက အိုဘာမကို ခေါ်လိုက်စမ်း ခေါ်လိုက်စမ်းဟု အော်ဟစ် မီးရှို့ခဲ့ကြောင်းနှင့် အိမ် ၁၀-လုံးကျော် လောင်သွားကြောင်းတို့ကို ယုံကြည်စိတ်ချရသော ဒေသခံရွာသား တစ်ဦးထံမှ သတင်းရရှိပါသည်။
           အဆိုပါရွာသည် ရခိုင်ရွာနှင့်နီးစပ် ရွာအနီးတွင် န.စ.က စခန်းတစ်ခုရှိပါသည်။ ရခိုင်သားများက ရိုဟင်ဂျာနေအိမ်များကို မီးရှို့နေစဉ် စခန်းရှိ န.စ.က များက တစ်စုံတရာဟန့်တားခြင်းမပြုလုပ်ဘဲ ရပ်နေခဲ့သည့်အပြင် မီးလောင်နေသော မိမိတို့နေအိမ်များ မီးငြိမ်သတ်ရန်ကြိုးစားသည့် ရိုဟင်ဂျာများအား သေနတ်ပစ်ဟန့်တားခဲ့ကြသည်။ န.စ.က များ၏ ပစ်ခတ်မှုကြောင့် မီသတ်မရဘဲ အနီးအနားရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရပါသည်။ ရခိုင်သားများမှာ ရိုဟင်ဂျာရွာမီးတိုက်ရန်အခွင့်အရေးရှိ ရိုဟင်ဂျာများမှာ မိမိအိမ်များလောင်နေသည်ကို မီသတ်ရန်တောင်မှ အခွင့်အရေးမရှိပါဟု ရွာသားများပြောကြသည်။
       အခုဖြစ်ရပ်ဖြစ်ရခြင်း၏အဓိကအကြောင်းရင်းမှာ ရန်ကုန်တကသိုလ် ဘွဲနှင်းသဘင်ခန်းမ အမေရိကန်သမတ အိုဘာမ၏ မိန့်ခွန်းထဲတွင် ရိုဟင်ဂျာနှင့်ပတ်သက်ပြီး ထည့်သွင်းပြောဆိုခဲ့သော စကားလုံး ရိုဟင်ဂျာ နှင့် တစ်ခြားအချက် အလက်များအပေါ် ရခိုင်လူမျိုးများက မကျေနပ် အိုဘာမ ဘာလုပ်နိုင်မလဲ ဆိုပြီး ကိုယ်ပိုစွမ်းရည်ပြသခြင်းဖြစ်ပါသည်။

No comments:

Post a Comment