Thursday, April 25, 2013

အာရ်ကာန်(ခ)ရခိုင်နိုင်ငံတော်နှင့် ရိုဟင်ဂျာသမိုင်းအကျဉ်း


        အာရ်ကာန်နိုင်ငံသည် ရှေးနှစ်ပေါင်း ၅၀၈၄နှစ်မှစ၍ စတင်ပေါ်ပေါက်ခဲ့သောနိုင်ငံတော်ဖြစ်သည်။ ၎င်းတွင် ခေတ် ၄-ခေတ် ဒေညာဗာတီ(ခ)ဓည၀တီ၊ ဗေဆာလီ(ခ)ဝေသာလီ၊ လေးမြို့၊မြို့ဟောင်း(ခ)မြောက်ဦးခေတ်ဟူ၍ ခေတ် ၄-ခေတ်ပေါ်ထွန်းခဲ့သည်။ ယ္ခုအခါ ထိုနိုင်ငံတော်ကြီးသည် မြန်မာနိုင်ငံ၏ပြည်နယ် တစ်ခုအဖြစ်ရပ်တည် နေရပါသည်။ ၎င်းပြည်သည် မြှောက်လတ္တီကျူး ၁၇ ဒီဂရီ၊ ၁၅ မီနစ် နှင့် ၂၁ ဒီဂရီ၊ ၁၁ မီနစ် အရှေ့လောင်ဂျီကျူး ၉၂ ဒီဂရီ၊ ၁၁ မီနစ်နှင့် ၉၄ ဒီဂရီ၊ ၅၅ မီနစ်အတွင်းတည်ရှိနေပါသည်။ နတ်မြစ်၊ မယူ(ခ)မေယုမြစ်၊ ကုလားတန် မြစ်နှင့်လေးမြို့မြစ်တို့သည်လည်းကောင်း၊ မယူတောင်တန်း၊ ဒေါလမာ(ခ)သြရမတောင်တန်း၊ စစ်ကိုင်းတောင် တန်းနှင့်ရိုးမတောင်တန်းတို့သည်လည်းကောင်း၊ မြောက်မှတောင်သို့စီတန်းစီးဆင်းနေကြသည်။ တောတောင်၊ မြစ် ချောင်းအင်းအိုင်ပေါများသောဒေသဖြစ်သည်။
        သမိုင်းမပေါ်မီကာလ လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀-ကျော်လောက်ကပင်စ၍ ဤဒေသတွင်လူမျိုးတစ်မျိုး တည်းသာ နေထိုင်လာခဲ့သည်။ ပုံပန်းသဏ္ဍာန်အားဖြင့် အိန္ဒိယလူမျိုးနှင့်သဏ္ဍာန်တူသည်။ ဘာသာယုံကြည်မှုဟူ၍ မရှိခဲ့ပေ၊ နောက်ပိုင်းတွင် နေနှင့်လကို ကိုးကွယ်လာခဲ့ကြသည်။ နေကို ကိုးကွယ်သောသူတို့အား“သူရိယ၀ံသ“၊ လ ကို ကိုးကွယ်သောသူတို့အား “စန္ဒ၀ံသ“ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့ကြသည်။ ဓည၀တီနှင့်ဝေသာလီခေတ်တို့တွင် အုပ်ချုပ်ခဲ့ကြသော ရှင်ဘုရင်တို့၏အမည်နာမများကိုလေ့လာခဲ့ပါက “စန္ဒြား“ နှင့် “သူရိယ“ဟူသော အမည်နာမများ ကိုတွေ့နိုင်သည်။ ဤသည်မှာ စန္ဒ၀ံသနှင့်သူရိယ၀ံသတို့၏မျိုးနွယ်သော ရှင်ဘုရင်များဖြစ်ကြောင့်သေချာလှပေ သည်။ စန္ဒ၀ံသ နှင့် သူရိယ၀ံသတို့ရှိခဲ့ဖူးသော သာဓကပင်။ ဗုဒရှင်တော်ပွင့်တော်မူပြီး နောက်ပိုင်းကာလတွင် ဗုဒ္ဓဘာသာသည် အာရ်ကာန်သို့ရောက်လာခဲ့၍ သူရိယ၀ံသတို့သည် ဗုဒ္ဓဘာသာကိုယုံကြည်လက်ခံပြီးဗုဒ္ဓဘာသာ ၀င်များဖြစ်လာခဲ့ကြပါသည်။  ၎င်းတို့သည်ဗုဒ္ဓဘာသာဝင် ဘရူဝါ(ခ)မြန်မာကြီးများဖြစ်ဟန်ရှိသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့သည် အိန္ဒိယလူမျိုးတို့၏ပုံပန်းသဏ္ဍာန်၊ နွားရုပ်ပါရုပ်ထုတို့က သက်သေထူနေသည်။ စန္ဒ၀ံသတို့ မူကား ဗုဒ္ဓဘာသာကိုယုံကြည်လက်ခံခြင်းမရှိဘဲ လကိုသာကိုးကွယ်၍နေခဲ့ကြသည်။
        ၈-ရာစုတွင် အာရဗီးယားနိုင်ငံ၌ “တမန်တော်-မူဟမ္မဒ်“၏ မြေးများနှင့်ယာဇိဒ်တို့ အာဏာလုပွဲဖြစ်သော “ကရ်ဘလာ“စစ်ပွဲတွင် မြေးတော်များစစ်ရှုံးခဲ့သည်။  ၎င်း၏မြေးတော်တစ်ပါးဖြစ်သော ”ဟနီဖါး“သည် အရှေ့ဘက် သို့ထွက်ပြေးလာရာ၌ အာရ်ကာန်ပြည်၊ မောင်တော၌ ယ္ခုအခေါ် လှဘော်ဇား(ခ)အာရဗ်ရှားဖါရာ (အာရဗ်ဘုရင်၏ ကျေးရွာ)သို့ရောက်ရှိလာခဲ့သည်။ ဟနီဖါးသည် အနီးအနားရှိ လူများအားစည်းရုံးလျက် အစ္စလာမ်ဘာသာသို့ သွတ် သွင်းနိုင်ခဲ့၍ အင်အားအတော်အသင့်ရှိလာသောအခါ ၎င်းအရပ်တ၀ိုက်မင်းမူနေသော လူရိုင်းဘုရင်မ “ခါယာဖူရီ“ နှင့် စစ်ပြိုင်တိုက်ခိုက်အောင်မြင်ခဲ့ကြသည်။ ခါယာဖူရီဘုရင်မကို အစ္စလာမ်ဘာသာသို့ စည်းရုံးသိမ်းသွင်းပြီး ထိမ်း မြားလက်ထပ်လျက် ရသေ့တောင်မြို့နယ် အထက်နန်းရာတွင် ထီးနန်းစိုက်ထူကာ အုပ်စိုးခဲ့သည်။  ယ္ခုထက်တိုင် မယူတောင်တန်း တစ်လျှောက်တွင် “ဟနီဖါးတောင်ထိပ်“နှင့်“ခါယာဖူရီတောင်ထိပ်“ဟူ၍ ခေါ်ဆိုနေကြသည်မှာ ၎င်းတို့ရှိခဲ့ကြောင့် သက်သေသာဓကများပင် မဟုတ်ပါလား။ တစ်ချိန်တည်းမှာပင် ကရ်ဘလာစစ်ရှုံးသူ “အာမိရ်ဟမ်းဇား“မှလည်း မယူမြစ်(ခ)ကုလားပန်းဇင်းမြစ်ဖျားရှိ ဂေါ်လောင်ဂျီမြို့ပြနိုင်ငံကလေးကို တိုက်ခိုက်သိမ်း ယူ၍ တိုင်းသူပြည်သားများကို အစ္စလာမ်ဘာသာသို့ စည်းရုံးခဲ့လျက်နိုင်ငံထူထောင်အုပ်ချုပ်ခဲ့သည်။ ထိုမှတစ်ဆင့် ရခိုင်ပြည်မနှင့် ကူးလူးဆက်ဆံရာမှ ရခိုင်ပြည်မရှိ စန္ဒ၀ံသတို့သည် အစ္စလာမ်ကို ယုံကြည်လက်ခံခဲ့ကြသည်။ အာရဗ်ကုန်သည်များနှင့်အတူ ပါလာခဲ့သော အစ္စလာမ်သာသနာပြုများနှင့် သင်္ဘောပျက်အာရဗ်လူမျိုးတို့၏ သွန်သင်စည်းရုံးမှုမှတစ်ဆင့်လည်း ယခင်မူလ ရှိခဲ့သော စန္ဒ၀ံသလူမျိုးတို့သည် အစ္စလာမ်ကိုယုံကြည်လက်ခံကြ သည်။ သာဓကအားဖြင့်ဆိုရလျှင် ကျောက်တော်မြို့နယ် ဘောင်းတုတ်ရွာသားအားလုံးလိုလိုပင် အစ္စလာမ်ကို လက်ခံခဲ့ကြ၍မူဆလင်များဖြစ်လာကြသည်။
        ထိုစဉ်က ဤဒေသတွင် မြို့ပြနိုင်ငံ(ဂေါ်လောင်ဂျီ၊ဓည၀တီ၊ဝေသာလီစသော)များသာရှိခဲ့ပြီး တစ်ပြည်လုံး၏ အမည်နာမဟူ၍မရှိခဲ့ပေ။ အေဒီ ၈-ရာစုတွင် အာရဗ်ပထ၀ီဆရာ “အာလ်-ရီခုန်“သည် ရခိုင်ပြည်၏မြေပုံဆွဲရင်း၊ သူ့ အမည်နှင့် ဆင်ဆင်ရခိုင်ကို “အာရ်ကာန်“ဟု မည့်ခေါ်ရာမှ “အာရ်ကာန်“ ဖြစ်လာခဲ့သည်။ ယ္ခုထိတိုင် နိုင်ငံတကာ တွင် အာရ်ကာန်ဟု တွင်တွင်သုံးစွဲလျက်ရှိသည်။
        ကျောက်စာ၊ ခေါင်းလောင်းစာ၊ ရုပ်ထုစာ၊ ဒင်္ဂါးစာ စသောအထောက်အထားများအရ ရခိုင်တွင် ရှိခဲ့ဖူးသော စာပေများကို လေ့လာလျှင် ဓည၀တီ နှင့် ဝေသာလီခေတ်တို့တွင် ဗြဟမီစာ၊ သက္ကတစာ၊ သင်သက္ကရာဇ်စာ၊ နာဂရီစာ စသောစာပေများကိုသာတွေ့ရသည်။ ရခိုင်စာဟုခေါ်ဆိုနိုင်သော အရေးအသားများကိုမူ အေဒီ၁၀-ရာစု လေးမြို့ခေတ်တွင်သာတွေ့ရသည်။ ထိုခေတ်ကာလတွင် ဟိန္နယာနဆန်သော ဗုဒ္ဓအယူအဆကိုတွေ့နိုင်သည်။ ယခင် ဓည၀တီ နှင့် ဝေသာလီခေတ်တို့တွင်မူ ဟိန္ဒူအယူအဆ၊မဟာယာနဗုဒ္ဓအယူအဆနှင့် ကျောက်စာရှိ (“အလ္လာဟု“ အရေးအသား)အရ အစ္စလာမ်အယူအဆတို့ရှိကြောင့်တွေ့နိုင်သည်။ အစ္စလာမ် လက်ခံသူအချင်းချင်း ထိမ်းမြား လက်ထပ်ရာမှ ရိုဟင်ဂျာမူဆလင်များတိုးပွားလာခဲ့ကြသည်။
        ဝေသာလီဘုရင် မဟာစန္ဒြားမင်း (အေဒီ ၇၀၀-၈၀၀) လက်ထက်တွင် ဘင်္ဂလားပင်လယ်၌ အာရဗ်ကုန်သည် များ သင်္ဘောပျက်၍ ရမ်းဗြဲသို့ရောက်လာရာ "ရဟာမ်း"ဟု အသံပြုအော်ဟစ်၍အကူအညီတောင်းခံခြင်းကို အရင်း တည်ပြီး "ရဟာမ်းလူမျိုး"၊ ထိုမှတစ်ဆင့် "ရိုဟင်ဂျာ" ဖြစ်လာသည်ဟု ၁၈၇၉-ခု ဗြီတိသျှဂေဇတ်တွင်ဖော်ပြထား သည်။
        ၁၄၀၆-ခုနှစ်တွင် အင်းဝဘုရင်သည် လောင်းကြက်ရခိုင်မြို့တော်ကို တိုက်ခိုက်သိမ်းပိုက်လိုက်သဖြင့် လောင်းကြက်ဘုရင်နရမိတ်လှသည် ဘင်္ဂလားသို့ထွက်ပြေးထိန်းရှောင်လျက် ၂၄-နှစ်ထိထိ ဘင်္ဂလားဘုရင်ထံတွင် ခိုလုံနေခဲ့ရသည်။ နရမိတ်လှသည် ဘင်္ဂလားဘုရင်၏အကူအညီဖြင့် ရခိုင်ပြည်ကိုပြန်လည်၍   ၁၄၃၀-ခုနှစ်တွင် “အာလီခါန်း“ ဦးစီးလျက် တိုက်ခိုက်သိမ်းပိုက်ပြီး နရမိတ်လှကို မြို့ဟောင်းမြို့တွင် နန်းတင်ပေးခဲ့သည်။ အာလီခါန်းသည် မောင်တောမှဘူးသီးတောင်သို့သွားရာ၌ ကျော်ဖြတ်ခဲ့ရသော မယူတောင်တန်းရှိ တောင်ကြား လမ်း၊ ယခု မောင်တော-ဘူးသီးတောင် ကားလမ်းကို အာလီခါန်းတောင် ကြားလမ်း (အာလီယောင်းငေါရ်ဒါးလား) ဟု ယ္ခုထက်တိုင်ဒေသခံတို့မှခေါ်ဆိုနေကြသည်။ ထိုစစ်ပွဲတွင် နရမိတ်လှနှင့်အထူ ထွက်ပြေးထိန်းရှောင်ခဲ့သော မူဆလင်နှင့်ရခိုင်လူမျိုးများလည်းပါဝင်ဆင်နွှဲခဲ့ကြသည်။ မူဆလင်များသည် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်အနိုင်ယူနိုင်ခဲ့ သောကြောင့်  ၎င်းတို့အား ရခိုင်များက "ကျား"ဟုခေါ်ဆိုခဲ့ကြသည်။ စစ်ပွဲဝင်မူဆလင်များသည် စစ်ပွဲပြီး၍ ယခင် မိမိတို့နေထိုင်ခဲ့ကြသော ရွာဟောင်းသို့သွားရောက်ကာ မိမိတို့၏ရွာဟောင်းများကို ပြန်လည်ထူထောင်နေထိုင်ခဲ့ ကြသည်။ နောက်ပိုင်း စစ်တိုက်ပွဲများဖြစ်ပွားတိုင်း ထိုမူဆလင်"ကျား"များကို ခေါ်ယူတိုက်ခိုက်စေခဲ့ပါသည်။ ထို့ကြောင့် နောင်တွင် ၎င်းမူဆလင်ကျားတို့အား "ရွာဟောင်းကကျား"ဟုခေါ်တွင်လာခဲ့ရာမှ "ရိုဟင်ဂျာ" ဖြစ်လာ ခြင်းဖြစ်သည်။  ဤအချက်ကို ဦးအောင်သာဦးရေးရခိုင်ရာဇ၀င်တွင် အတိအလင်းဖော်ပြထားသည်ကို တွေ့နိုင် သည်။ ထိုစဉ်က ရခိုင်ပြည်ကို "ရိုဟင်းပြည်"၊ ၎င်း၏မြို့တော်ကို "မြို့ဟောင်း" ဟုခေါ်ဆိုခဲ့ကြသည်မှာ ထင်ရှား သောသာဓကဖြစ်သည်။ မြို့ဟောင်းဟုခေါ်ဆိုရာမှ တစ်ပါတီခေတ်မှစ "မြောက်ဦး"ဟု ပြောင်းလည်းခေါ်ဆိုလာ ကြသည်။ မြို့ဟောင်း(မြောက်ဦး)ခေတ်တွင် ရိုဟင်ဂျာလူမျိုးများအား နန်းရင်းဝန်(မာဂန်)၊ ၀န်ကြီးများ (ဆယိဒ်မူစာ၊ မူဂျလစ်၊ဆုလေးမာန်း)၊ စစ်သူကြီး(အရှရဗ်ခန်)၊ တရားသူကြီး စသောရာထူးကြီးများတွင် ခန့်ထား ခဲ့ကြသည်။ ထို့အပြင် ရိုဟင်ဂျာလူမျိုးများ ၀တ်ပြုကိုးကွယ်ရန် ဗလီကြီးများကိုတည်ဆောက်ပေးခဲ့သည်။ ဥပမာ- မြို့ဟောင်း (မြောက်ဦး) နန်းရာကုန်းရှိဗလီ၊ ဆန်ဒီခန်းဗလီ၊ မာဂျာဗလီ၊ ကျောက်တော် ပိုက်သည်ရွာရှိ ကာဇီဗလီ၊ ဘူးသီးတောင် ဘဂုံးနားရွာရှိ ဒေါရ်ဂါနှင့်သုသာန်၊ စစ်တွေမြို့ရှိ ဗုဒမော်ဗလီ၊ မူဆဒေ၀ါန်ဗလီ စသည်တို့ဖြစ်သည်။ ပြင် နရမိတ်လှမှစမင်းဆက် ၁၉-ဆက်ထိထိ ရခိုင်အမည်အပြင် မူဆလင်နာမည်များကိုပါ ခံယူခဲ့ကြသည်။ အချက်ကပင် ထိုစဉ်က ရိုဟင်း(ရခိုင်)ပြည်တွင် ရိုဟင်ဂျာမူဆလင် အမြောက်အမြားနေထိုင်ခဲ့ကြောင့် ခိုင်မာ သောသာဓက တစ်ရပ်ဖြစ်သည်။
        ၁၆၆၀-ခုနှစ်တွင် “အက်ဘာ“ဘုရင်လွန်၍ သားများနန်းလုပွဲတွင် ရှားရှုဇာ စစ်ရှုံးခဲ့၍ ရခိုင်ဘုရင် စန္ဒသုဓမ္မမှ ၎င်းအား မက္ကာမြို့သို့ပို့ဆောင်ပေးမည့်ဂတိနှင့် ရခိုင်ပြည်သို့ရောက်လာခဲ့သည်။ ၃-လ လောက်အကြာတွင် ၎င်း၏ သမီးကို ရခိုင်ဘုရင်ထံ ဆက်သရန်တောင်းဆိုရာမှ တော်လှန်တိုက်ခိုက်မှုဖြစ်၍ ရှားရှုဇာနှင့်မိသားစုများကိုသတ် ဖြတ်ခဲ့ပါသည်။ သို့သော်လည်း သူ၏ အမြှောက်တပ်၊ လေးတပ်များကိုမူ ရခိုင်စစ်တပ်တွင်ခန့်ထားခဲ့သည်။   ၎င်းတို့ သည် ပါရှန်လူမျိုးများဖြစ်ကြသည်။ ပါရှားဘာသာစကားတွင် စစ်ကို "ရွန်"ဟုခေါ်သည်။ မြေပြင်ကို "ဂျ"ဟု ခေါ်ကြသည်။ ၎င်းတို့သည် "ရွန်ဂျ"စစ်မြေပြင်တွင်နေထိုင်သူများဖြစ်ကြသည်။ "ရွန်ဂျ"မှ"ရိုဟင်ဂျာ" ဖြစ်လာကြ သည်။ ဤသည် ကိုလည်း ရခိုင်သမိုင်းတွင်အတိအလင်းဖော်ပြထားသည်။
        ၁၇၈၅-ခုနှစ်တွင် မြန်မာဗဒုံမင်းက ရခိုင်ပြည်ကိုအပြီးအပိုင်သိမ်းပိုက်ခဲ့သည်။ ၁၇၈၅ မှ ၁၈၂၄ အထိ နှစ်ပေါင်း ၄၀-ထိထိအတွင်း မြန်မာများအုပ်ချုပ်ခဲ့သည်။ မြန်မာမြို့ဝန်များ၏ ဖိနှိပ်၊ နှိပ်စက်ခြင်းကြောင့် ရိုဟင်ဂျာ၊ ရခိုင် ၂-သိန်းကျော် သေကြေပျက်ဆီးခဲ့ကြရသည့်အပြင် ရိုဟင်ဂျာ၊ ရခိုင် တ၀က်ကျော်မှာ ဖိနှိပ်မှုကို မခံနိုင်၍ ဘင်္ဂလားသို့ထွက်ပြေးရသည့်အထောက်အထားများရှိကြသည်။
        ၁၉၄၈-ခုနှစ်တွင် မြန်မာနိုင်ငံသည် အချုပ်အချာအာဏာပိုင်နိုင်ငံဖြစ်လာသည်။ ၁၉၄၇-ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရိုဟင်ဂျာမူဆလင်လူမျိုးများအား “Union Citizenship” ပေးခဲ့ပါသည်။ ၁၉၅၂-ခုနှစ်မှစ၍ အမျိုးသား မှတ်ပုံတင်ထုတ်ပေးခဲ့ရာတွင် ရိုဟင်ဂျာမူဆလင်လူမျိုးတို့အားလည်းထုတ်ပေးခဲ့ပါသည်။ ဤသည်မှာ ၁၉၄၇-ခု ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသိအမှတ်ပြုခြင်းဖြစ်သည်။ ထိုအချိန်တွင်ရိုဟင်ဂျာများကိုမူဆလင်ဟုသာခေါ်ဝေါ် ခဲ့ကြသည်။ ၁၉၅၈-ခုနှစ်တွင် ဦးနေ၀င်း ဦးဆောင်သောစစ်အစိုးရကို အာဏာလွှဲအပ်ပေးခဲ့သည်။ ထိုစဉ်တွင် အစိုးရမှ မူဆလင်ဆိုသည်မှာ လူမျိုးတစ်မျိုး၏ အမည်နာမ မဟုတ်၊ လူမျိုးအမည်နာမတစ်ခုကို သတ်မှတ်ရမည်ဟု ပြောဆိုလာရာမှ သမိုင်းစာမျက်နှာကို လှန်လျော့ရှာဖွေပြီး ယခင်ကရှိခဲ့သော "ရိုဟင်ဂျာ" အမည်နာမကို အစိုးရနှင့် ပြည်သူပူးပေါင်း၍ ဖော်ထုတ်ခဲ့ကြသည်။ ၎င်းရိုဟင်ဂျာလူမျိုးကိုလူသိရှင်ကြား၊ နိုင်ငံတကာ ပြည်သူအားလုံးသိရှိ အောင် ၁၉၆၁-ခု အောက်တိုဘာလမှစ၍ မြန်မာ့အသံ ထိုင်းရင်သားအစီအစဉ်မှ အပတ်စဉ်ကြေငြာ မောင်းထိုးခဲ့ ကြသည်။ ၎င်းအစီအစဉ်သည် ပါလီမန်ဒီမိုကရေစီ ခေတ်မှ တော်လှန်ရေးအစိုးရခေတ်ကာလထိ အသံလွှင့်နေခဲ့ သည်မှာ နိုင်ငံတကာသိဖြစ်ပါသည်။  
        သို့သော် ယ္ခုအခါ ရိုဟင်ဂျာတို့သည် အင်္ဂလိပ်ခေတ်တွင် ခိုးဝင်လာသူများဟု ဟစ်အော်နေကြသည်။ ၎င်းရိုဟင်ဂျာတို့သည် မြန်မာမင်းအုပ်ချုပ်သော(၁၇၈၅-၁၈၂၄)ခေတ်က ဖိနှိပ်မှုဒဏ်ကို မခံမရပ်နိုင်၍ ထွက်ပြေး သူများသာဝင်လာခဲ့ခြင်းဖြစ်သည်။ အလားတူ ရခိုင်လူမျိုးများလည်းဝင်လာကြသည်ကို အဘယ်ကြောင့် မဟစ် အော်ကြသနည်း။
        ၁၉၆၀-ခုနှစ်လွန်ကာလမှစ၍ ရိုဟင်ဂျာလူမျိုးများအား လူမျိုးပြုန်းစီမံချက် “စပါယ်“၊ “နဂါးမင်း“စသော စီမံချက်များချမှတ်လျက် ဆောင်ရွက်လာခဲ့ရာမှ ရှေးပဝေသဏီ၊ ဘီစီ ၃၀၇၂-ကပင်ရှိရင်းစွဲဖြစ်သော စန္ဒ၀ံသ၊ ရဟာမီး၊ ရွာဟောင်းကကျား၊ ရွန်ဂျ၊ ရိုဟင်ဂျာ စသောသမိုင်းဖြစ်ရပ်မှန်များကို မျက်ကွယ်ပြုလျက် ယာယီကတ်ပြား ဟူသော နိုင်ငံမဲ့သားကတ်ပြားကိုကိုင်စေခြင်းသည် ရိုဟင်ဂျာတို့၏နာကျည်းဖွယ်ရာ ဇတ်လမ်းပင်။
စနာ့ဇာနည်
နေ့စွဲ့-၂၀၁၂ခုနှစ်၊ အောက်တိုဘာလ၊ ၁၅-ရက်
မှီငြမ်းကိုးကားသောစာအုပ်များ

၁။ ကျောင်းသုံးမြန်မာရာဇ၀င်(ဦးဘသန်း)
၂။ ကျောင်းသုံးမြန်မာရာဇ၀င်(ဦးအုန်းမောင်)
၃။ မြန်မာရာဇ၀င်သိမှတ်ဖွယ်ရာအဖြာဖြာ(ဦးကြည်)
၎။ ဓည၀တီရာဇ၀င်သစ်(ဆရာတော်ဦးညာဏ)
၅။ ဓည၀တီအရေးတော်ပုံ(ဆရာတော်ဦးညာဏ)
၆။ မြန်မာ့သမိုင်း(ဗိုလ်မှူးဘရှင်)
ရ။ ဗြီတိသျှသံဖနောင့်အောက်မှမြန်မာနိုင်ငံဒုတိယတွဲ(ဦးမောင်မောင်ကြီးဘာသာပြန်ဆိုသည်)
၈။ ၁၉၇၅-၇၆-ရခိုင်တန်ဆောင်မဂ္ဂဇင်းအတွဲ(၁၄)မှDr.အေးချမ်း ဆောင်း ပါး
၉။ ၁၉၅၉-၆၀ခုနှစ်ထုတ် ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးအစိုးရ ရှေးဟောင်းသုတေသနညွှန်ကြားရေးဝန်၏ နှစ်ချုပ်အစီရင်ခံစာ
၁၀။ မြန်မာနိုင်ငံပြည်ပကုန်သွယ်ရေးသုတေသနစာတမ်း(ဒေါ်ကြည်ဝင်း -စီးပွားရေးထက္ကသိုလ်၊ ရန်ကုန်မြို့က ၁၉၆၆-ခုနှစ် သုတေသနစာတမ်း ဖတ်ဖွဲ့တွင် တင်သွင်းသည်)
၁၁။ ဘုံပေါက်သာကျော်ရေး ပြည်ထောင်စုမြန်မာနိုင်ငံနှင့်ရိုဟင်ဂျာ အန္တရယ်
၁၂။ မြန်မာ့စွယ်စုံကျမ်းအတွဲ-၉
၁၃။ ဦးကျော်ငြိမ်ရေး အနှစ်သုံးဆယ်မြန်မာ့အသံ
၁၄။ မြန်မာ့အသံ ၂၅-နှစ်မြောက် ငွေရတုသဘင်သောတရှင်
၁၅။ ရခိုင်ပြည်သမိုင်းနှင့်ရိုဟင်ဂျာတို့၏ဘ၀(ဗိုလ်မှူးထွန်းကျော်ဦး၊ လေ တပ်ငြိမ်း)
၁၆။ ပဏ္ဍိတဦးသာထွန်းအောင်မြို့ဟောင်းမြို့၏ရခိုင်မဟာရာဇ၀င်တော် ကြီး
၁၇။ ဦးဘသာ(M.A-တာဟဲရ်)၏ ရိုဟင်ဂျာနှင့်ကမန်သမိုင်း(၁၉၆၄)
၁၈။ဦးစံသာအောင်(အ.ဆ.ည ညွှန်ကြားရေးမှူးချုပ်)ရခိုင်ဒင်္ဂါးများ ၁၉၇၉
၁၉။ဦးထွန်းလှဖြူ၏ရခိုင်ထိုင်းရင်းသားလူမျိုးစုများ(၁၉၈၁)
၂၀။ဗိုလ်မှူးဘရှင်၏အနော်ရထာအယင်ကမြန်မာနိုင်ငံ
၂၁။ Burma outpost by Antony Irwin
၂၂။ Burma by D.G.E.Hall
၂၃။ History of Burma by G.E.Harvey
၂၄။ A history of South East Asia by D.E.G.Hall
၂၅။ A short history of Muslims of Arkan and Burma by M.K.Rahman (in Urdu)
၂၆။ Akyab District Gasetteer compiled by R.B.Smart
၂၇။ British Burma Administration Report (1970-71) and Minority Problems in South East Asia by Virginia Thomsom
၂၈။ In to Hidden Burma (မော်လစ်ကော်လစ်ရေး)
၂၉။ Bernier Troubles In The Moghul Empire, AD (1656-1668) Trans; A. Constable, Oxford Press 1916
၃၀။ Pamela Gutman, Ancient Arkan; Australia Nation University 1976
၃၁။ Moshe Yegar, The Muslim of Burma 1972
၃၂။ The History of Burma, Sir Ather Phyer

No comments:

Post a Comment