Tuesday, May 7, 2013

ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရဖို့ လူပေါင်းများစွာသတ်ဖို့လိုနေပြီးလား

        ထူးဆန်းသော လောကကြီးမှာ ထူးဆန်းမှုတွေ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်တတ်၏။ သို့ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသော ထူးဆန်းမှုတွေ ထဲတွင် လူသားများနားလည်လက်ခံတတ်သော၊ လူသားများ၏ စိတ်နှလုံးကို ချမ်းမြေ့စေသော ထူးဆန်းမှုမျိုးနှင့် လူသားများ နားမလည် လက်မခံတတ်သော၊ လူးသားများ၏ စိတ်နှလုံးကို မခံချိမခံသာ ဖြစ်စေသော ထူးဆန်းမှုမျိုးဟူ နှစ်မျိုးနှစ်စား ဖြစ်ပေါ်တတ်၏။ ကမာတည်သရွေ့လည်း ဖြစ်နေ ဦးမှာပင်။
        သို့သော် သိတ်မကြာခဲ့သောနေ့တစ်နေ့ ကမ္ဘာ့ပေါ်တွင် ဘယ်တုန်းကမှ မဖြစ်ပေါ်၊ မဖြစ်ပွားခဲ့သော ထူးဆန်းမှုတစ်ခု အမှန်တကယ်ဖြစ်ပေါ်ခဲ့၏။ ထိုထူးဆန်းမှုကိုတော့ အသိဥာဉ်ရှိသူတိုင်း၊ စဉ်းစားဆင်ခြင်တတ် သူတိုင်း ဘယ်သူကမှ အဘယ်ကြောင့်မျိုးနဲ့ ဖြစ်ပါစေ နားလည်သဘောတူ လက်ခံလိမ့်မည်မဟုတ်ချေ။
ဘယ်တုန်းကမှလည်း တူပေလိမ့်မည်မဟုတ်။ ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရဖို့ရန် လူသားပေါင်းများစွာကို သတ်ဖို့ လိုနေပြီးလားဟုပင် ကမ္ဘာသူကမ္ဘာသားတိုင်း၏ ရင်ထဲ၊ စိတ်နှလုံးထဲ တွေးတောမှုတွေ ခံစားဖြစ်ပေါ်စေခဲ့၏။ တိတိကျကျ ပြောပြရလျှင် သိတ်မကြာသေးခင်က ကမာ့စံပြ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံဖြစ်သော အမေရိကန် နိုင်ငံရှိ ICG အဖွဲ့က စစ်ဝတ်လဲပြီး အရပ်သား အရေခြုံ အစိုးရကို ဦးဆောင်နေသော မြန်မာနိုင်ငံ သမ ဦးသိန်းစိန်ကို ပဌိပက ဖြေရှင်းရေးဆု ဆိုပြီး ငြိမ်းချမ်းရေးဆု တစ်ဆု ပေးအပ်ချီးမြှင့်ပေးခြင်းပင်ဖြစ်သည်။ ထူးဆန်းတကာထဲ အထူးဆန်းဆုံးလုပ်ရပ်၊ ဖြစ်ရပ်တစ်ခုဖြစ်၏။ အမှန်တရားကို မြတ်နိုးတတ်သော၊ လူ့အခွင့် အရေးကို အရေးထားသော ပုဂိုလ်တိုင်း၏နှလုံးသားကို မီးတောက်တွေထဲ တည့်သွင်းလိုက်သလို နာကျင်ခံစား စေ၏။ အထူးသဖြင့် ကမာ့ ဖိနှိပ်အခံရဆုံး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရဆုံး လူနည်းစု လူမျိုးတစ်မျိုး၏ မျှေလင့်ချက်ရောင်ခြည်ကို မှောင်မိုက်ပျက်သုဉ်းစေ၏။ ထိုလူမျိုးစုထဲမှ ခေတ်ပညာတတ် လူငယ်တစ်ယောက် က "ကိုယ့်အပေါ် တရားဝင်လူ့အခွင်းအရေးချိုးဖောက်နေသူ၊ ကိုယ့်လူနည်းစုဖြစ်တဲ့လူမျိုးတစ်မျိုးသားလုံးကို မျိုးတုံးသွားအောင်ထိ အချိန်ဇယား အစီအစဉ်တကျ လုပ်ဆောင်နေသူ၊ ကိုယ့်ညီအစ်မများကို လမ်းမကြီးပေါ် အတင်းအဓမ မုဒိမ်းကျင့်နေသော အစိုးရကို ဦးဆောင်နေသူ၊ ကိုယ့်ညီအစ်မများကို အပြစ်မဲ့စွာ ဖမ်းဆီးပြီး အကြောင်းမဲ့စွာနှင့် နှစ်ရှည်လများ တောင်ဒဏ်ချမှတ်နေသူ၊ ကိုယ့်ရွာသား၊ မျိုးသားများကို ကြက်ငှက်သတ် သလို လွယ်လွယ်လေးနှင့် ရက်ရက်စက်စက် သတ်ဖြတ်နေသူ၊ ကိုယ့်ပြောပိုင်ခွင့်၊ ကိုးကွယ်ခွင့်၊ သွားလာခွင့်၊ လက်ထပ်ခွင့်၊ ပညာသင်ယူခွင့်၊ နိုင်ငံသားဖြစ်ခွင့် စသည့် "ခွင့်" များကို ပိတ်ပင်တားမြစ် ဟန့်ထားနေသူ၊ ကိုယ့် ကို ကျွန်ထက်၊ တိရိစာန်ထက် နှိမ့်ကျဆက်ဆံနေသူ၊ ကိုယ့်အိမ်များကို လောင်စာဆီလောင်းပြီး မီးရှို့နေသူ၊ ကိုယ့်စားဝတ်နေရေးကို ဖြတ်တောက်စေသူ၊ ဒီမိုကရေစီ အရေခြုံပြီး ကမာကြီးကို ဗြောင်လိမ်နေသူ၊ ထိုကဲ့သို့ သော သူမျိုးကိုမှ ICG က ပဌိပက ဖြေရှင်းရေးဆု ဆိုပြီး ငြိမ်းချမ်းရေးဆု တစ်ဆု ပေးအပ်ချီးမြှင့်ခဲ့ခြင်းသည် ကိုယ့်ကို ICG အဖွဲ့က သတ်လိုက်သလို ခံစားရ၏"တဲ့။
        ဤသို့ ထူးဆန်းသော ငြိမ်းချမ်းရေးဆုကြောင့် ကမာ့ငြိမ်းချမ်းရေးကို လိုလားသော လူပုဂိုလ်တို့၏ ရင်ထဲတွင် အသိတရားတစ်ခု ကိန်းဝင်သွားမည်မှာ သေချာပင်။ သြော် …… လောကကြီးဟာ အသတ်ခံနေသူ၊ အားနည်း နေသူတွေနှင့်အတူ မရပ်တည်ဘူးလား။ လောကကြီးဟာ လက်နက်ကိုင်ဆောင်ထားတဲ့ လူသတ် သမားကို အားပေးနေတာလား၊ ငြိမ်းချမ်းရေးဆုဟာ ထိုလူသတ်သမားတွေအတွက်၊ လူ့အခွင့်အရေးချိုးဖောက် နေသူတွေ အတွက်၊ လူမျိုးတုံးသတ်ဖြတ်နေသူတွေအတွက် ဂုဏ်ပြုဆုမျိုးလား။ သို့ဆိုလျှင် …. ICG ကိုမေး ပါရစေ …. ခင်ဗျားတို့၏ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံရဖို့အလို့ငှာ လူသားမျိုးနွယ်တွေ ဘယ်လောက်များများကို သတ်ဖို့လို နေသလဲ …. ဒီလောက်သတ်မှ ဒီဆုချီးမြှင့်ခံရတာပါဆိုပြီး ကန့်သတ်ချက်၊ သတ်မှတ်ချက် ရှိပါသလော …. လူမျိုးတစ်မျိုးကို မျိုးတုံးနိုင်အောင်ထိ သတ်နိုင်သူကိုမှ ပေးအပ်ချီးမြှင့် ဂုဏ်ပြုတာလား၊ အပြစ်မဲ့သူများကို ရက်ရက်စက်စက် သတ်ဖြတ်နိုင်သူကိုမှ ချီးမြှင့်တာလား။ ဒီဆုကို ကမာကြီးက လူသတ် သမား ခေါင်းဆောင် တွေအဖြစ် ရှုမြင်ကြတဲ့ Hitler, Joseph Stalin Called As Uncle Joe, Mao Tse Tsung (China), Benito Mussolini (Italy), Ashoka, Embargo Put By George Bush တို့ကို မချီးမြှင့်ခဲ့ဘဲ ဘာဖြစ်လို့ ကျွန်တော်တို့၏ လူသတ်သမားခေါင်းဆောင်ကြီး ဦးသိန်းစိန်ကို ချီးမြှင့်ခဲ့တာလဲ ….. နားလည် လက်ခံသဘောတူရန် ခက်ခဲ လွန်းနေလို့ မေးနေရတာပါ။
        ရိုဟင်ဂျာဆိုသောလူမျိုးများသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၌ ဟိုးနှစ်ပေါင်းများစွာ ခေတ်အဆက် ဆက်က နေထိုင်လာသော လူမျိုးတစ်မျိုးဖြစ်လင့်ကစား၊ ခေတ်အဆက်ဆက် မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်း တို့တွင် နေရာ ယူ မှတ်တမ်းတင် ခံရလင့်ကစား၊ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးတိုက်ပွဲ၌ အခြားသောမြန်မာနိုင်ငံ ရှိ လူမျိုးစုများ နှင့်အတူ တက်ညီလက်ညီ တိုက်ပွဲဝင်ခဲ့သူဖြစ်လင့်ကစား၊ ထိုလူမျိုးများသည် ယ္ခုအခါ နိုင်ငံမဲ့ ဘ၀ရောက်နေ ရခြင်း၊ သမိုင်းမရှိ မှတ်တမ်းမှတ်ရာမရှိဟု ငြင်းပယ်ခံနေရခြင်း၊ လူ့အခွင့်အရေးအချိုးဖေါက်ဆုံး၊ ကမ္ဘာ့အဖိနှိပ် ခံရဆုံး လူမျိုးဟု သတ်မှတ်ခံနေရခြင်းဘ၀မျိုးသို့ ရောက်ရှိနေရရှာသည်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီးဖြစ်သည်။ ၁၉၄၂-ခုနှစ်မှစ၍ စတင်သုတ်သင်ခံလာနေရသော ရိုဟင်ဂျာလူမျိုးများသည် သတ်ဖြတ်မှု အမျိုးမျိုး၊ ဖိနှိပ်မှု အမျိုးမျိုး၊ နှိပ်စက်မှုအမျိုးမျိုး၊ တားမြစ်မှုအမျိုးမျိုးခံနေရသည့်ကြားက ကိုယ့်မြေ၊ ကိုယ့်ဇာတိ ကို ချစ်မြတ်နိုးတဲ့ စိတ်နှင့် ကိုယ့်မြေ၊ ကိုယ့်ဇာတိကို စွန့်ခွာမသွားဘဲ မိမိ၏ မွေးဇာတိ၌ အခြေတကျနေထိုင် လာ၏။ သန်းပေါင်း ၆၀-ကျော် ရှိသည့် မြန်မာနိုင်ငံမှာ သိန်းပေါင်း ဆယ်ဂဏန်းကျော်သာရှိသည့် ရိုဟင်ဂျာ လူမျိုးများသည် လူနည်းစုဖြစ်၏။ ကိုယ့် ကံကြမ္မာ ကိုယ်စီရင်ပိုင်ခွင့်မရှိရှာသော ရိုဟင်ဂျာများသည် ခေတ် အဆက်ဆက် အစိုးရ များ၏ နဂါးမင်း၊ ကျီးကန်၊ ဆွဲတင်စစ် စသော မျိုးတုံးစေနည်းဟု တင်စားရလောက် အောင် ကောက်ကျစ်စဉ်လဲ၊ ခွဲခြားစစ်ဆေး၊ ရက်စက်ကြမ်းကြုတ်သော အမျိုးမျိုးသော မုန်တိုင်းကြထဲ၌ ကြံ့ကြံ့ခံ ရပ်တန့် ခေါင်းငုံ့စစ်ဆေး ခံရင်း ရှိသမျှ အားမွေးအားတင်ထားလျှက် နေရှာနေရ၏။
        အာဏာရှင်တွေသာ အုပ်ချုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် အာဏာရှင်များသည် လူနည်းစု ရိုဟင်ဂျာများကို ၁၉၈၂-ခုနှစ် ဥပဒေ ပြဌာန်းခြင်းအားဖြင့် နိုင်ငံသားဖြစ်ခွင့်မှ ဝေးခဲ့စေသည်။ လွတ်လပ်စွာ သွားလာခွင့်၊ လွတ်လပ်စွာ ပြောပိုင်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ပညာသင်ယူ နိုင်ခွင့်၊ လွတ် လပ်စွာ လက်ထပ်နိုင်ခွင့်၊ အစိုးရအဖွဲ့၌ တာဝန်ထမ်းဆောင်နိုင်ခွင့် စသည့်အခွင့်အရေးများကို နိုင်ငံသားဖြစ်မှ သာလျှင်ရှိသည်ဟုဆိုပြီး ရိုဟင်ဂျာများကို နိုင်ငံတွင်းမှ ထွက်ခွာသွားအောင်၊ မျက်ကန့် နားပင့် အောင် လုပ်ဆောင်ခဲ့၏။ ဒေသန္တာရား ဥပဒေပြဌာန်းခြင်းအားဖြင့် ရိုဟင်ဂျာများကို တရားဝင် လိုင်စင် ရရှိထား သကဲ့သို့ သတ်ဖြတ်မှု၊ ဖမ်းဆီးနှိပ်ဆက်မှု၊ ဖမ်းဆီး ငွေညှစ်မှု၊ မုဒိမ်းကျင့်မှု၊ အတင်းအဓမ္မ လုပ်အားပေးစေခဲ့မှု စသည်ဖြင့် ပြုလုပ်နေလာခဲ့၏။ ဤကဲ့သို့သော ဖိနှိပ်မှုမျိုးကို ဂုဏ်ပြု၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကလည်း ရိုဟင်ဂျာ များကို ကမ္ဘာ့ဖိနှိပ်အခံရဆုံး လူမျိုးစုဟု သတ်မှတ်မှတ်တမ်းတင် ခဲ့သည်မှာ ကမ္ဘာ့သိဖြစ်သည်။ ဖိနှိပ် ရက်စက် ကြမ်းကြုတ်မှုအမျိုးမျိုး၏ လှိုင်းဂယက်တွေကြား၌ မျှော်လင့်ချက်မဲ့သော ရိုဟင်ဂျာများစွာတို့သည် မိမိ၏ ဥစ္စာဓနကို အလေးမထားဘဲ မိမိ၏အသက်ကိုသာ ရှင်သန်နိုင်ဖို့ ကြိုးစားရင်း နိုင်ငံမှ ထွက်သွားရရှာ၏။ အသတ်ခံရသူ ခံရ၊ နိုင်ငံက ထွက်သွားရသူ ထွက်ရနှင့် ရိုဟင်ဂျာလူနည်းစုများသည် ယ္ခုအခါ အလွန်ကို လူနည်းစု ဖြစ်နေရရှာ၏။ မျိုးတစ်ဝက် တုံးသွားရရှာ၏။ အလွန်ကို လူနည်းစုဖြစ်နေရရှာသော ရိုဟင်ဂျာ လူမျိုးများကို ဇစ်မြစ်ပြုတ်၊ လုံးဝ မျိုးတုံးသွားအောင် ခေတ်မီ နည်းပညာတစ်ခုကို ခေတ်သစ်မြန်မာအစိုးရ ခေါင်းဆောင်ကြီးက ထီထွင်စမ်းသတ်ခဲ့၏။ ဒီမိုကရေစီ အရေခြုံပြီး ကမ္ဘာကို ဗြောင်လိမ်ညာနေသော စစ်ဝတ်လဲ အရပ်သားယောင်ဆောင် ခေါင်း ဆောင်ကြီး ဦးသိန်းစိန်၏ မဟာနည်းဗျူဟာပင်ဖြစ်သည်။ လွန်ခဲ့ သောနှစ် မေလ ၂၈-ရက်နေ့မှ စခဲ့သော ဤနည်းဗျူဟာသည် ဦးသိန်းစိန်၏ အောင်မြင်သော၊ အကွက်ကျ သော၊ နည်းဗျူဟာဟုဆိုရမည်ဖြစ်သည်။ ဤနည်းဗျူဟာကြောင့်သာ ဦးသိန်းစိန်သည် ကမ္ဘာ့အရပ်ရပ်က အလှူငွေများ၊ ငြိမ်းချမ်းရေးဆုများ၊ လက်ခုပ်သံ များ ရရှိခဲ့ခြင်းဖြစ်သည်။ မေလ ၂၈-ရက်နေ့တွင် ရခိုင်ပြည်နယ် ၏ တောင်ကုတ်မြို့၌ ရန်ကုန်၊ မန္တလေးမှ အစ္စလာမ်ဘာသာဝင် ၁၀-ဦးကို ဦးသိန်းစိန်၏ မဟာဗျူဟာ ဖော်ဆောင်ရေးအဖွဲ့ဝင် ရခိုင်ထိုင်းရင်းသားများ (အစိုးရအဖွဲ့များအပါအ၀င် ၃၀၀-ယောက်တို့က လူမဆန်စွာ သတ်ဖြတ်ခဲ့သည်။ နည်းပညာတိုးထက်လာသော ယနေ့ကမ္ဘာကြီးသည် ဦးသိန်းစိန်၏ မဟာဗျူဟာကို ရိပ်မိ အောင် မကြိုးစားခဲ့ဘဲ အသတ်ခံ လူ ၁၀-ယောက်၏ ကြည့်မကောင်းသော အလောင်းများကို ဂရုဏာမျက်လုံး များနှင့် ကြည့်ရှုခဲ့၏။ ကမ္ဘာသူ ကမ္ဘာသားများ၏ ဂရုဏာစောဒက တက်သံတွေ ဦးသိန်းစိန်နားထဲဝင်လာသော အခါ ဦးသိန်းစိန်က လူသတ်သမားများကို စုံစမ်း ရှာဖွေရေးအဖွဲ့ ဆိုပြီး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးခဲ့သည်။ ဘုမသိဘာမသိသော ကမ္ဘာကြီးကလည်း ဦးသိန်းစိန်အစိုးရကို လက်ခုပ်သြဘာပေးခဲ့ကြ၏။ ကိုယ်တိုင် လူသတ်သမားခေါင်းဆောင်ကြီး ဖြစ်နေသော ဦးသိန်းစိန်က ၎င်း၏လူသတ်ဂိုဏ်း လုပ်ဖော်ကိုင်ဖက်များကို အမှန်တကယ်ဖော်ထုတ် အရေးယူမလားဟု သံသယ၀င်ခဲ့သောသူများသည် ဤကမ္ဘာပေါ်၌ ရိုဟင်ဂျာလူမျိုး မှအပ ဘယ်သူမှမဖြစ်ခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် တစ်ခါသေဖူး ပျဉ်းမနိုးဘဲမဟုတ်လား။ ရိုဟင်ဂျာများ သည် အခါခါသေနေရသောကြောင့်ဖြစ်သည်။
        ဘာသာတရားအားထုတ်သော အပြစ်မဲ့ပြည်သူ ၁၀-ဦးကို ရက်စက်စွာ သတ်ဖြတ်ခြင်းနှင့် တစ်ပြိုင်နက် ချက်ချင်း ဆူပူအုံကြွလာအောင် ရိုဟင်ဂျာများကို နိုးဆွပေးရန် လုပ်ကြံနေသော ဦးသိန်းစိန်၏ မဟာဗျူဟာ သည် ၁၀-ရက်အထိ အကောင်အတည် ပေါ်မလာပေ။ ဖိနှိပ်မှုမျိုးစုံခံနေခဲ့သော ရိုဟင်ဂျာများမှာ ခံနိုင်ရည်က အတိုင်းထက်အလွန်ကို ရှိနေသောကြောင့်ဖြစ်သည်။ ၁၀-ရက်အထိကြန့်ကြာနေသော ဦးသိန်းစိန်၏ မဟာ ဗျူဟာကို ဦးသိန်းစိန်က ဇွန်လ ၈-ရက်နေ့၌ တစ်ဆင့်ထိုး အကောင်အတည်ပေါ်လုပ်ဆောင်လိုက်၏။ ဤနေ့သည် ဦးသိန်းစိန် တစ်ယောက် ကမ္ဘာ့ဇတ်ခုံပေါ်က နိုင်သည့်အထိ၊ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးဆုရရှိ သည့်အထိ အောင်မြင်ခဲ့သော နေ့ထူးနေ့မြတ်ဖြစ်သည်။ ၀တ်ပြုပြီး ဗလီက ဆင်းလာသော အပြစ်မဲ့လူအုပ်ကို ဦးသိန်းစိန်၏ မဟာဗျူဟာဖေါ်ဆောင်ရေး အဖွဲ့ဝင်များက အကြောင်းမဲ့ သေနတ်ပစ်ခတ်ခဲ့၍ လူအုပ်ထဲမှ ရှစ်တန်း ကျောင်းသား တစ်ယောက် ပွဲ့ချင်းသေဆုံးသွားရှာသည်။ ခုခံအားမရှိသော ရိုဟင်ဂျာများသည် ဤနေ့မှစ၍ ရခိုင်ပြည်နယ်ရှိ မြို့အနယ်အနယ်၌ မျိုးတုံးခံနေရပြန်ပြီးဖြစ် သည်။ ဒေါသဖြင့် လောင်ကျွမ်းနေသော မီးထဲကို မိမိ၏အိမ်များ ခေါင်းငုံ့လောင်းကျွမ်းခံနေရ၏။ ခေါင်းငုံ့လောင် ကျွမ်းခံနေသော အိမ်ထဲ၌ မိမိ၏သား၊သမီးများ ပိတ်မိခံနေရ၏။ ကျန်ရစ်သူများသည် မိမိ၏ ဥစ္စာဓနများကို ပဓါန မထားဘဲ အသက်ကိုသာ ဆက်သက်ဖို့ကြိုးစားကဲ့သော်လည်း ဒေါသနှင့် ပေါက်ကွဲနေသော မီးတောင်ထဲ အပစ်ခံရသူတစ်မျိုး၊ ကျည်ဆံ၏အားပြမှုခံရသူတစ်ပုံ၊ ချော်ရည်ထဲ မျှောပါခဲ့ရသူပေါင်းများစွာတို့သည် ငယ်စိတ် နှင့် အသက်ဆုံးရှုံးရလေ၏။ ကျန်ရစ်သူ မိသားစုဝင်များ၏ သောကကို ကမ္ဘာသူ ကမ္ဘာသားများ နှစ်သိမ်းပေးဖို့ ဝေးလေစွ။ ပို၍ပင်သောက တိုးစေနေ၏။ ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရဖို့ လူပေါင်းများစွာသတ်ဖို့လိုနေပြီလား။
        ကျန်ရစ်သူ ဒုက္ခသည်များထဲမှ မျက်နှာဖုံးများဖြစ်ကြသော ခေတ်ပညာတတ်များ၊ ဘာသာရေးဆရာများ၊ လူပျို ယောက်ျားလေးများကို မီးတောက်ထဲ အပစ်ခံဖို့ ပျက်ကွက်သည်ဆိုပြီး မီးရှို့မှု ပုဒ်မတပ်၊ ဆူပူမူကို မကူညီခဲ့ဘူး ဆိုပြီး ဆူပူမှုပုဒ်မတပ်၊ ပုဒ်မအမျိုးမျိုး၊ စွပ်စွဲချက်အပြာပြာတပ်ပြီး စွဲချက်တင်လျှက် ရှေ့နေလိုက် ခွင့်မရှိ၊ အပြန် ပြောခွင့်မသာ၊ တရားရုံး ဆိုင်းဘုတ်ပါ တရားရုံး၌ မတရားသဖြင့် နှစ်ရှည်လများ တောင်ဒဏ် စီရင်ချမှတ် ခဲ့ပါသည်။ မိန်းကလေးများကို အရွယ်ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ၊ ခွဲခြားရန် ပျက်ကွက်ခဲ့လျှက် ဦးသိန်းစိန်၏ မဟာဗျူဟာ ဖေါ်ဆောင်ရေးအဖွဲ့ဝင်များက သူတို့၏ ဒုတိယမယားလို၊ ပြည့်တန်ဆာမိန်းမလို အတင်းအဓမ္မ မုဒိမ်းကျင့် ဆက်ဆံခဲ့ပြီး ကိုယ်ဝန်ဆောင်စေ၏။ ဖမ်းဆီးတောင်ကျသူများ ကို အကျဉ်းတောင် ထဲ၌ နှိပ်စက်မှုအမျိုးမျိုးပြုလုပ်ခဲ့ရာတွင် မြေပေါ်ထမင်းဖြန့်ဝေပေးလျှက် ပါးစပ်နှင့် လျက်စားစေခဲ့ခြင်းများ၊ ကိုယ့်အမျိုး(သား အဘ၊ ညီ၊ အစ်ကို)အချင်းချင်းများကို လိင်တူဆက်ဆံစေခဲ့ခြင်းများ စသည်ဖြင့် ကြား မကောင်းလောက်အောင်ပင် နှိပ်စက်ပြုမူ ဆက်ဆံခဲ့၏။ ဆက်ဆံနေဆဲပါ။
        မီးတောက်ထဲက ကံတောက်လွတ်မြောက်လာသူ၊ ဓါးအောက်က၊ သေနတ်ကျည်ဆံအောက်က သီးသီး ကလေး လွတ်မြောက်ရှင်လွတ်လာသူများကို ယာယီဒုက္ခသည်စခန်းဆိုပြီး ဦးသိန်းစိန်အစိုးရက ကောက်ကျစ် စဉ်လဲစွာ နှင့် တဲများဆောက်ပေးခဲ့သည်။ ဤဒုကသည်များကို ကမာသူကမာသားအားပြခြင်းအားဖြင့် ဦးသိန်းစိန်အစိုးရ ၏ ၀င်ငွေထိုးပွါးစေ၏။ ကမာ့ အာရုဏ်စုစိုက်မှုကို ဦးသိန်းစိန် ရရှိအောင် ကြိုးစားခဲ့၏။ ဒုကသည်များ၏ ကံကြမာကို ဦးသိန်းစိန်က အုပ်စိုးထားသည်။ ဒုကသည်များ၏ အရေးပေါ်ကျန်းမာရေး လိုအပ်မှုကို လျစ်လှုရှု လျှက်၊ တစ်ဖက်မှာလည်း ဦးသိန်းစိန်က နိုင်ငံတကာကို ဒုကသည်များအတွက် အကူအညီလိုနေသည်ဟု အလှူတောင်းခံခဲ့၏။ နိုင်ငံတကာ အလှူရှင်များ၏ အလှူငွေများကို အငမ်းမရ လက်ခံယူရင်း အလှူရှင်များကို မိမိတိုင်းပြည်သို့ ၀င်ခွင့်မပေးခဲ့ပေ။ ဖုံးအုပ်ထားသောအမှားများကို လှန်ကြည့် မလားဟု သံသယစိတ်နှင့် ဦးသိန်းစိန်သည် နိုင်ငံတကာမှ လှူဒါန်းသော အလှူငွေများကို အယောင်ဆောင် ရခိုင်ဒုကသည်စခန်းသို့ အပြည့်အ၀ထောက်ပံ့ပေးလျှက် အမှန်တကယ် ရိုဟင်ဂျာဒုကသည်များကို အနည်း အကျဉ်းမျှသာ ပံ့ပိုးခဲ့ပြီး ရိုဟင်ဂျာ ဒုကသည်များကို အသက်ရှင်သန်နိုင်အောင်သာ အထောက်အပံ့ရသော ရိုဟင်ဂျာဒုကသည်များ၏ နေ့ရက်များသည် အမှောင်ထဲက ငရဲပြည်လို ဖြစ်နေ၏။ ဒုကသည်တွေ အသက် ရှင်သန်မှသာ ဦးသိန်းစိန်လည်း နိုင်ငံတကာမှ အလှူငွေ ဆက်လက်ရရှိနေမှာဖြစ်သည်။ (OIC အရေးမစိုက်၊ ICG သာရှိလျှင်၊ ICC ကို အရေး မစိုက် Bankimoon သာရှိလျှင်၊ HRW ကိုအရေးမစိုက် UN သာရှိလျှင်) ကဲ့သို့သော ပြိုင်ဖက်အားများ ပိုင်ဆိုင်ထားရှိနေသော ဦးသိန်းစိန်သည် ဒုကသည်စခန်းထဲရှိ လက်ကျန် ရှိဟင်ဂျာများကို သတ်ဖြတ်ခြင်း အားဖြင့် ယု ချီးမြှင့်ခံခဲ့ရသော ICG ၏ ဆုထက်အစပေါင်းများစွာ တန်ဖိုးရှိသော Noble ဆုကို ရရှိဖို့ ကြိုးစား ဦးမှာ မလွှဲပင်။ ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရဖို့ လူပေါင်းများစွာသတ်ဖို့ လိုနေပြီးလား။
        ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေသော ဦးသိန်းစိန်သည် နိုင်ငံရေးအကျဥ့်သားဆိုပြီး လူပေါင်း ၈၀၀-ကျော် လွတ်ပေးခဲ့၏။ အပြန်အလှန်အားဖြင့် နိုင်ငံရေးအကျဥ့်သားများ၏ နေရာလွတ်အကျဉ်းတောင်ထဲအပြစ်မဲ့ရိုဟင်ဂျာ ၁၀၀၀-ကျော်ကို ဖမ်းဆီး ချုပ်နောင်၊ တောင်ဒဏ် ချမှတ်ခဲ့၏။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ ကိုးကွယ်ခွင့်၊ ရေးသားခွင့် စသော အခွင့်အရေးအမျိုးမျိုးများပေးနေခဲ့သော်လည်း တစ်ဖက်မှာ ရိုဟင်ဂျာများ လွတ်လပ်ခွင့်မှန်သမျှကို ထိန်းချုပ်တားမြစ်နေ၏။ ရိုဟင်ဂျာများကို အတင်းအဓမအားပြရင်း မိမိနိုင်ငံမှထွက်ခွာ သွားရန် ရာဇသံပေးသည်နှင့်အတူ အိုမင်းနေသော လှေပေါ်ထွန်းပို့ပေးရင်း မိမိနိုင်ငံမှ ထွက်ခွာစေ၏။ ကဲ့သို့ သော ပြုပြင်ပြောင်းလဲမှုမျိုးကို လူ့အခွင့်အရေးချစ်မြတ်နိုးသူတိုင်းက ကန့်ကွက်သင့်ပါသည်။ ဖေါ်ထုတ်သင့်ချိန် တန်ပြီး။
        ရိုဟင်ဂျာ တစ်ဦးက “ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံဖို့ရာ ဒီနေ့မှစငါလည်းလူတွေကို သတ်နေဦးမှာ …. လူတွေ သတ်နေခြင်းအားဖြင့် ဦးသိန်းစိန်လို ငါလည်းတစ်နေ့နေ့ ဒီဆုရစေရမယ် ….  ထိုအချိန်မျိုးမှာ ငါ့ကို လူသတ်သမားလို မခေါ်တွင်စေရလို့ ကမာကြီးကို ကြိုတင်အသိပေးချင်တယ် …. ICG ရဲ့ဆုကို နောက်ထပ် ချီးမျြင့်ခံမည့်သူက ငါသာလျှင် အစောဆုံးဖြစ်အံ့”တဲ့။
        ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရဖို့ လူပေါင်းများစွာသတ်ဖို့လိုနေပြီး ဆိုတာကို မြန်မာသမတ ဦးသိန်းစိန်က ကမာသူကမာသားများကို သင်ခန်းစာပေးနေခြင်းဖြစ်သည်။ ဦးသိန်းစိန်၏ သင်ခန်းစာ ကို အတုယူသူ မှာ ICG က အဦးဆုံးဖြစ်၏။
ဦးသိန်းစိန်သည် ICG မှ ICC သို့အရောက်လှမ်းနိုင်ပါစေကြောင်း ဆုတောင်းမေတာ ပို့သလျှက်….

ရိုဟင်းဇာနည်

No comments:

Post a Comment