Tuesday, May 21, 2013

အမေ့ခံမုန်တိုင်း (သို့) ရိုဟင်ဂျာများကိုအတင်းအဓမ္မဘင်္ဂလီပြောင်းခိုင်းနေသောစစ်ဆင်ရေး

        “မဟာဆင် မုန်တိုင်း” …. ယုတလော ရေဒီယိုဖွင့် နားထောင်လိုက်သည်နှင့် အင်တာနတ်ဖွင့်ကြည့် လိုက်သည် နှင့် မဟာဆန် မုန်တိုင်းအကြောင်းသာကြားနေ၊ မြင်နေရသည်။ ရခိုင်ပြည်နယ်ကို ဗဟိုပြုတိုက်ခိုက်လာမည်ဟု ခန့်မှန်းရသော မဟာဆင် မုန်တိုင်းအကြောင်းသည် မြန်မာပြည်သူ⁄သားများအပြင် ကမာသူ⁄သားများ ပါးစပ်ပေါ်၊ နှလုံးသားနှင့် အတွေးထဲ နေရာယူထား။ လူတိုင်းသည် မဟာဆန် မုန်တိုင်းကို စိုးရိမ်မှုပေါင်းများစွာနှင့် စောင့်ကြည့်နေ

        သို့သော် … ရခိုင်ပြည်နယ်ကို ဗဟိုပြု တိုက်ခိုက်မည်ဟု ခန့်မှန်းရသော မဟာဆန်မုန်တိုင်း အကြောင်း၊ မုန်တိုင်းအနရယ်တွေကို အရေးတယူမမူနိုင်သူက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူများသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တိုက်ခိုက်မည်ဟု ခန့်မှန်းနေသော မုန်တိုင်းထက် အဆမတန်ပေါက်ကွဲအား ပြင်းထန် သော မုန်တိုင်းတစ်ခု လက်ရှိအချိန် ရိုဟင်ဂျာလူမျိုးအပေါ်တိုက်ခိုက်နေသောကြောင့်ဖြစ်။ ထိုမုန်တိုင်းက လူမျိုးတုံးသုတ်သင်ရေး မုန်တိုင်းအစိတ်အပိုင်းတစ်ခုဖြစ်သော ရိုဟင်ဂျာမှ ဘင်္ဂလီသို့ အတင်းအဓမပြောင်း ခိုင်းနေသော မြန်မာအစိုးရ စစ်ဆင်ရေးမုန်တိုင်းဖြစ်သည်။ စစ်ဆင်ရေးမုန်တိုင်းကို နာမည်ပေးရသော် “ရိုဟင်ဂျာသုတ်သင်ရေး” ဟုပေးရမည်သာ။ လူမျိုးတုံးသုတ်သင်ရေးမုန်တိုင်းသည် လွန်ခဲ့သော နှစ်ပေါင်း များစွာကပင် ရိုဟင်ဂျာလူမျိုးတို့အပေါ် အရောင်ကွဲ၊ အနံ့ကွဲ၊ ပုံစံကွဲနှင့်တိုက်ခိုက်နေ။ မုန်တိုင်းမျိုးစုံ တိုက်ခိုက်ခြင်းခံခဲ့ရသော ရိုဟင်ဂျာလူမျိုးများသည် မုန်တိုင်းဒဏ်ကြောင့် သေဆုံးရသူသေ၊ အိမ်မဲ့ဖြစ်သူဖြစ်၊ ဝေးကိုပြေးရသူပြေးနှင့်ပေါ့။
        ရိုဟင်ဂျာလူမျိုးများ “ရိုဟင်ဂျာ” ဟူသော အမည်သည် နှစ်ထောင်ပေါင်းများစွာကပင် တိကျခိုင်မာ သော မြန်မာ့သမိုင်း၊ ကမာ့သမိုင်းများ စာမျက်နှာပေါ် ကမ္ပည်း၊ မော်ကွန်းတင်ခံခဲ့၏။ ဤကဲ့သို့ သမိုင်းရှင် နာမည်ကို ပယ်ပျက်ပြီး ၎င်းအမည်အစား ဘင်္ဂလီ ဟူသောအမည်ဖြင့် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသည်ဟု မိမိ ကို မိမိ ၀န်ခံစေလျှက် သမိုင်းမဲ့ဖြစ်ရန် ဒီမိုကရေစီအရေခြုံ မြန်မာအစိုးရက စစ်မြေပြင်ရှိ ရန်သူကို တိုက်ခိုက် မည့်နှယ် လက်နက်ကြီးငယ်စုံ၊ နည်းလမ်းအမျိုးမျိုးသုံလျှက် ဖိအားပေး စစ်ဆေးခံခိုင်းနေသည်။ မိမိ၏ အိမ်များ၊ အလုပ်အကိုင်များ၊ ဥစ္စာဓနများဆုံးရှုံးရပြီးသည့်နောက် မျှော်လင့်ချက်ကင်းမဲ့နေသော စစ်တွေ၊ ပေါက်တော ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များပင်လည်း ဤစစ်ဆေးမှုကို မခံယူခဲ့ပါ။ မိမိ၏ မူရင်းနာမည်ကို ပယ်ပျက် နေခြင်းအား ကန့်ကွက်ခဲ့၏။ အမှန်တရားပေါ် ရပ်တည်သူများကို မြန်မာအစိုးရက ပညာပြသည့်အနေဖြင့် စစ်တွေ ဒုက္ခသည်စခန်းမှ မျက်နှာဖုံးများဖြစ်သည့် ဦးကျော်မြင့် နှင့် သားအပါအ၀င် ဒုက္ခသည် ၇-ယောက်ကို ဖမ်းဆီးချုပ်နှောင်ခြင်းအားခြင့် အမှန်တရားပေါ် ရပ်တည်နိုင်စွမ်းကို လျော့ကျစေသည်။ ၂၁-ရာစုကို မမီနိုင် အောင် ဖိနှိပ်ထားခြင်းခံရသော ရိုဟင်ဂျာများသည် ရှိသမျှ ဥာဏ်ကိုသုံး၊ ဆင်ခြင်စဉ်းစား၍ မိမိတို့၏မူရင်း နာမည်ကို ပယ်ပျက်နေသည်မှ ကာကွယ်ထိန်းသိမ်းချင်နေကြသည်။ “ရိုဟင်ဂျာသုတ်သင်ရေး”မုန်တိုင်းသည် လည်း တစ်ရွာပြီးတစ်ရွာ တိုက်ခိုက်လာနေရာမှ နစက ဌာနချုပ်ပိုင် ကျီးကန်းပြင်ရွာထဲဝင်ရောက်မွှေနောက် နေ၏။ ကျီးကန်းပြင်ရွာသားများသည် သူတို့ရွာ၌တည်ရှိသော နစက ဌာနချုပ်ကိုအားကိုး၍ မိမိတို့၏ ဘိုးဘွား ဘီဘင်များသည် ဤရခိုင်မြေပွားများဖြစ်ကြောင်း၊ သူတို့၏ သား⁄မီး၊ မြေး⁄မြစ်များဖြစ်ကြသော မိမိတို့ကို ယုအခါ တစ်ဖက်နိုင်ငံမှ ခိုးဝင်ရောက်လာသော ဘင်္ဂလီဟုဆိုပြီး စစ်ဆေးနေခြင်းကို အကျိုးအကြောင်းပြကာ စစ်ဆေးမခံယူရန်ရည်ရွယ်ခဲ့သည်။ ရွာသားတစ်ဦးက “နယ်မြေဖက်မှာ တစ်ချို့ရွာသားတွေ ဖိနှိပ်ရက်စက်မှု အမျိုးမျိုးကြောင့် စစ်ဆေးခံခဲ့တယ်ဗျား …. အောင်ခြေပိုင်းမှာဆိုတော့ တရားဥပဒေစိုးမိုးရေးက မရှိဘူးလေ …. ကျနော်တို့က ဌာနချုပ်ပိုင်ဆိုတော့ တရားဥပဒေစိုးမိုးရေးကို မျှော်လင့်ခဲ့တယ် …. လူတိုင်းမှာ အမှန်တရားပေါ် ရပ်တည်နိုင်စွမ်းရှိတယ် …. ဒါပေမယ့် မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့ဘူး၊ အောက်ခြေပိုင်းထက် ဆိုးဆိုး ရွားရွား ဆက်ဆံခံနေရတာဗျာ ….” တဲ့။
        လွန်ခဲ့သော ၅-၅-၂၀၁၃ ရက်နေ့မှစတိုက်ခိုက်နေသော ရိုဟင်ဂျာသုတ်သင်ရေးမုန်တိုင်းသည် ၈-၅-၂၀၁၃ ရက်နေ့တွင် တိုက်ခိုက်နုန်းအရှိန်ပြင်းထန်လာ၏။ ထိုနေ့တွင် မလ၀ီ-မူဟာမတ်ဂျူဟာရ်(ဘ) မလ၀ီ-ဆွယိဒ်အာဇိမ်(၂၈-နှစ်)၏ အိမ်ကို ရိုဟင်ဂျာသုတ်သင်ရေးစစ်ဆေးရေး အဖွဲ့ဝင် ၁၀၀-ယောက်ခန့်က ၀င် ရောက်စီးနှင်းခဲ့သည်။ အကြောင်းမှာ မလ၀ီ-မူဟာမတ်ဂျူဟာရ်သည် ကျီးကန်းပြင်ရွာသားများကို စစ်ဆေး မခံယူရန် စည်းရုံးခဲ့သည်ဟု စွပ်စွဲခြင်းခံရ၏။ ကံကောင်းထောက်မစွာဖြင့် မလ၀ီ-မူဟာမတ်ဂျူဟာရ်သည် ထိုအချိန်၌ အိမ်ထဲမှာမရှိခဲ့ပါ။ တရားခံကို မတွေ့ရကောင်းလားဟုဆိုလျှက် အာဏာပိုင် ထပ်ဖွဲ့များသည် မလ၀ီ-မူဟာမတ်ဂျူဟာရ်၏ အမေနှင့် ညီမများကို မဖွယ်မရာများပြောဆိုခဲ့၍ ကိုယ်တိလက်ရောက် စော်ကားခဲ့ သည့်ပြင် အိမ်ထဲရှိ အိမ်သုံးပစ္စည်းဟူသမျှကို ရစရာမရှိအောင် ဖျက်စီးပစ်လိုက်သည်(ချက်ပြုတ်ရေးသုံး ထမင်းအိုးအပါအ၀င်)။ ယ္ခုအခါ မလ၀ီသည် အာဏာပိုင်၏ ပစ်မိန့် ကြော်ငြာခြင်းခံရသည်ဟု ကြား၍ တိန်း ရှောင်နေရ၏။ ကမ္ဘာကြီးငြိမ်နေဆဲ၊ တိတ်နေဆဲ။
        မလ၀ီကို စံပြအဖြစ် ပစ်မိန့်ထုတ်ခဲ့သော်လည်း ကျီးကန်းပြင်ရွာသားများသည် အမှန်တရားပေါ် ကြံ့ကြံ့ ခံရပ်တည်နေဆဲပါ။ စစ်ဆေးခံယူရန် မည်သူမျှ ရောက်ရှိမလာသော် အာဏာပိုင်များသည် အိမ်တွေကို ၀င်ရောက်စီးနှင်းမှုများပြုလုပ်နေ၏။ ယောကျာ်းသားများကို မတွေ့ရလျှင် မိန်းမသားများကို မဖွယ်မရာများ ပြောဆိုပြီး ကိုယ်တိလက်ရောက် စော်ကားနေသည်။ ဒါ့အပြင် အိမ်သုံးပစ္စည်းများကို သိမ်းယူသွားသည်။
        ရိုဟင်ဂျာသုတ်သင်ရေးစစ်ဆေးရေး အဖွဲ့ဝင်များမှ ၀င်ရောက်စီးနှင်းခဲ့ပြီးသော အိမ်များမှာ-
၉-၅-၂၀၁၃ ရက်နေ့
၁။ ရှောမ်းရှူအာလောမ်(ဘ)ဆွယိဒ်အူလာ-၃၃နှစ်-WAT ကျောင်းဆရာ
အိမ်သုံးပစည်းများကို ဖျက်စီးပစ်လိုက်သည်။ AMBO မော်တော်ဆိုင်ကယ် တစ်စီးအား သိမ်းယူသွားသည်။
၂။ ဟာဘီဇုရားမန်း(??) ၃၄နှစ်။ လက်ရည်ဆိုင်ရောင်း အသက်မွေးဝမ်းကျောင်းနေသူ
အိမ်သုံးပစည်းများကို ဖျက်စီးပစ်လိုက်သည်။ ဆိုင်သုံး TV ကိုလည်းသိမ်းယူသွားသည်။
၃။ အာက်တာရ်အူလာ(??) ၃၇နှစ်။ သုံးဘီး ဆိုင်ကယ်တကစီပိုင်ရှင်။
အိမ်သုံးပစည်းများကို ဖျက်စီးပစ်လိုက်သည်။ တကစီကို သိမ်းယူသွားပြီး စစ်ဆေးခံသော် ပြန်ပေးလိုက်သည်။
၁၀-၅-၂၀၁၃ ရက်နေ့
၁။ မူဟာမတ်ဆောလာမ်း(ဘ)ဆွယိဒ်-၄၀နှစ်
ဌာနချုပ် IO ဗိုလ်ကြီးမှ ခေါ်ယူပြီး ရွာသားများ စစ်ဆေးမခံယူရန်စည်းရုံးသည်ဟုဆိုကာ ဖမ်းဆီးချုပ်နှောင် ထား။ ယုထိလွတ်မပေးသေးပါ။
၁၁-၅-၂၀၁၃ ရက်နေ့
၁။ မော်ဂျီအူလာ(ဘ)ဇော်ဟိရ်အာမတ်-၃၂နှစ်-သုံးဘီး ဆိုင်ကယ် တကစီ စပီယာ
အိမ်သုံးပစည်းများအားလုံးဖျက်စီးပစ်လိုက်သည်။
၂။ မော်နိရ်အာမတ်(??) ၆၀နှစ်
အိမ်သုံးပစည်းများအားလုံးဖျက်စီးပစ်လိုက်သည်။
၃။ ဆောလားမောတ်အူလာ(??) ၆၂နှစ်
အိမ်သုံးပစည်းများအားလုံးဖျက်စီးပစ်လိုက်သည်။
၎။ ကျော်မြင့် (??) ၄၂နှစ်
အိမ်သုံးပစည်းများအားလုံးဖျက်စီးပစ်လိုက်သည်။
၁၂-၅-၂၀၁၃ ရက်နေ့
၁။ နုရ်အူဒိန်(ခ)ရူဟုလ်အာမိန်(ဘ)ဂေါ်နူမျာ-၂၉နှစ်
ဆိုင်ကယ် တစ်စီးသိမ်းယူသွားသည်။
၂။ ဆရာ-ဦးဖွေ့ယာစ်အာမတ်(??) ကျောင်းအုပ်ငြိမ်း(အ.မ.က)
အိမ်သုံးပစည်းများကို ဖျက်စီးပစ်လိုက်သည်။ ဆရာအမျိုးသားမှတ်ပုံတင်ကဒ် (AK)နှင့် အတူငွေနှစ်သောင်းသိမ်းယူသွားသည်။
၃။ အိစ်မိုက်လ်(ဘ)ရှောဘ်ဘိရ်အာမတ်-၄၅နှစ်
အိမ်သုံးပစည်းများကို ရစရာမရှိအောင်ထိဖျက်စီးပစ်လိုက်သည်။
၎။ မူဟာမတ်ရော်ဖိက်(ဘ)အီမာန်ရှောရိဖ်-၃၀နှစ်
ငွေနှစ်သောင်းသိမ်းယူသွား
၅။ ဖေါဇီးအာလောမ်(ဘ)ဟာလာယာ-၃၁နှစ်
အဖိုးတန် နာရီ တစ်လုံးသိမ်းယူသွားသည်။
        အထက်ပါဖြစ်ရပ်ဆိုးများ ခံနေရသော ကျီးကန်းပြင်ရွာသားများသည် ကမ်းမဲ့ပင်လယ်ထဲ ရောက်ရှိနေ သကဲ့သို့ မျှော်လင့်ချက်မဲ့နေရှာ။ တွေ့သမျှယောကျာ်းသားများကို ဖမ်းဆီးခေါ်ဆောင်သွားသောကြောင့် ယုအခါ ကျီးကန်းပြင်ရွာထဲယောကျာ်းသားဟူတစ်ယောက်တလေမှ မနေ၀ံ့ပါ။ ယောကျာ်းမဲ့အိမ်များကို နစက များ ၀င်ရောက်စီးနှင်းခဲ့သောအခါ မိန်းမသားပေါ် မုဒိမ်းကျင့်မှုများဖြစ်ပေါ်လာမည်ကို ရွာသားများ အလွန်ကို စိုးရိမ်နေ။ အိပ်မော့နေသော စိတ်ကို နိုးဆွာပေးခြင်းဖြင့် ပြနာပေါ်ပေါက်စေရန် ဖန်တီးပြုလုပ် နေသော ဒီမိုကရေစီ အရေခြုံအစိုးရကို ကမ္ဘာကြီးက လက်ခုပ်တီး အားပေးနေမလား။ ကန့်ကွက်ချုပ်ချ နေမလားဆိုတာ ရင်တမာမာနှင့် စောင့်ကြည့်နေခြင်းပါ။

No comments:

Post a Comment