·
- ခုတ်တွင်ရှင်းလင်း၊ ထူထပ်တောင်
ဤဒေသ၀ယ်၊ မြို့တည်ထောင်
……
- ရွာဟောင်းအမည်၊
မြို့ရွာဟောင်း
စုပေါင်းနေလာ၊ နှစ်တောင်ပေါင်း …..
- ကိုယ်ပိုင်အိမ်နှင့်၊
နေနေလာ
ဤဒေသမှာ၊ တစ်သက်တာ …..
- ရာဇ၀င်ကောင်း၊
သမိုင်းကြောင့်
လက်လွတ်မခံ၊
အမွေဟောင်း …..။
·
- "ပညာမရှိ၊ ထိုလူသား
မျက်စိရှိရင်း၊
မျက်ကန်းပါ"
- ကိုယ်ပိုင်စာပေ၊
ရိုဟင်ဂျာ့
ရိုးရာဓလေ့၊
ရှိပြီးသား …..
- သင်ယူကြစေ၊ တို့ကိုယ်စီ
လူငယ်လူကြီး၊
ခေတ်နှင့်မီ
တတ်သူပို့ချ၊ အားလုံးဆီ …..။
·
- မျိုးချစ်သားတို့၊ ရိုဟင်ဂျာ
စည်းလုံးမှုကြိုး၊
ကိုင်ဆွဲထား …..
- စည်းလုံးမှုနှင့်၊
လှေပေါ်ထိုင်
တောင်ကုန်းပေါ်မှာ၊
မောင်းလို့နိုင် ……
- ဒါမှမဟုတ်၊ ရေပေါ်ဟုတ်
မည်သို့လှေပင်၊
ရှေ့မလှုပ် …..
- ပညာရှိနှင့်၊
ပညာမဲ့
ဆင်းရဲချမ်းသာ၊
တို့မခွဲ …..
- ထက်လာကြပါ၊ မြန်မြန်လေး
စည်းလုံးမှုနှင့်၊
လှေပေါ်ဝယ် …..။
·
- " ဇာတိချစ်စိတ်၊ ရှိသူတိုင်း
အီမာန်တစ်ဝက်၊
နိုင်နိုင်ပိုင်"
တို့ချစ်နဗီ၊
ကိုယ်တိုင်နှိုင်း …..
- ကိုယ့်အမွေစွန့်၊
တို့မသွား
ဖ၀ါးခြားလို့၊
ခြားဒေသ …..
- ဇာတိကဲ့သို့၊
ဘယ်မှာရှာ
အေးချမ်းမှုက၊
နတ္တိပါ …..
- လက်တွဲခိုင်ခိုင်၊
စိတ်ညှိနှိုင်း
အမွေရှာဖွေ၊
အားလုံးဝိုင်း …..။
·
- အို ….. ရိုဟင်ဂျာသား၊ ညီနောင်တို့
အဖေအမေ၊
လူကြီးတို့ …..
- လွတ်လပ်ရေးတွက်၊
စတေးခံ
စိတ်ရောကိုယ်ပါ၊
တို့တော်လှန်
ငါတို့အမွေ၊
ဒိထက်တန်
ရိုဟင်ဂျားသား၊
ငါပြောဝံ့
ငါတို့တစ်တွေ၊
တကယ်တမ်း
ရိုဟင်းမြေ၏၊
အမွေခံ …..။
ရိုဟင်းဇာနည်
No comments:
Post a Comment