“ပညာဆိုသည် မြတ်ရွှေအိုး”၊ “ပညာရွှေအိုး လူမခိုး”၊ “အလိမ္မာ စာမှာရှိ”၊ “ပညာမျက်စိ လူမသိ” စသည်ဖြင့် ပညာရှင်များက ပညာ၏တန်ဖိုးကို
အမျိုးမျိုးဖေါ်ကျူးလေ့ရှိကြသည်။ အဓိပ္ပါယ်အားဖြင့် တတ်သိနားလည်ခြင်းဟု ပြောဆိုရေးသားလေ့ရှိသည်။
အမှန်မှာ ပညာ၏အဓိပ္ပါယ်မှာ ပိုမိုနက်ရှိုင်းပါသည်။ လွန်ခဲ့သောနှစ်ပေါင်း (၃၀)
လောက်က စာရေးသူလေ့လာဖတ်ရှုခဲ့သော စာအုပ်တစ်အုပ်တွင်မူ- ပညာ၏အဓိပ္ပါယ်ကို တစ်မျိုးဖေါ်ကျူးထားခဲ့သည်ကို တွေ့ရှိ ခဲ့ပါသည်။ လူသားတစ်ယောက်၏
အခြေခံလူအပ်ချက်အပေါ်မူတည်၍ ဖော်ပြထားပါသည်။ လူသားတစ်ယောက်၏ အခြေခံလူအပ်ချက်ကား
စားဝတ်နေရေးပင်ဖြစ်သည်။ စားရန် အစာ လိုအပ်ခြင်း၊ ၀တ်ရန် အ၀တ်အထည်လိုအပ်ခြင်းနှင့် နားနေအိပ်စက်ရန်
နေအိမ်လိုအပ်ခြင်းတို့ ဖြစ်ကြပါသည်။ ၎င်းတို့သည် မရှိမဖြစ်လိုအပ်ချက်များဖြစ်၍ ရယူနိုင်ရန် ရုန်းကန်ကြိုးပမ်းရပါသည်။ ဤတွင်
ထိုလူသားသည် အခက်အခဲ့၊ ဒုက္ခ၊ အဆင်မဖြေမှု၊ အဟန့်အတား စသည်ဖြင့်
စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်ရပါသည်။ ထိုစိန်ခေါ်မှုအရပ်ရပ်ကို ရင်ဆိုင်ဖြေရှင်းရာ၌ လိုအပ်သောလက်နက်ကောင်းကို ပညာဟုခေါ်ဆိုနိုင်ကြောင့် ရေးသားထားသည်ကို
တွေ့ခဲ့၊ ဖတ်ခဲ့ဖူးပါသည်။ ထို့ကြောင့် ပညာသည် တန်ဖိုးမဖြတ် နိုင်သောအရာ၊ လူသား တိုင်းအတွက်
အလိုအပ်ဆုံးအရာ ဖြစ်ကြောင့် သိသာထင်ရှားပါသည်။
Wednesday, December 19, 2012
Sunday, December 16, 2012
ရိုဟင်းမြေ၏အမွေခံ
·
- ခုတ်တွင်ရှင်းလင်း၊ ထူထပ်တောင်
ဤဒေသ၀ယ်၊ မြို့တည်ထောင်
……
- ရွာဟောင်းအမည်၊
မြို့ရွာဟောင်း
စုပေါင်းနေလာ၊ နှစ်တောင်ပေါင်း …..
- ကိုယ်ပိုင်အိမ်နှင့်၊
နေနေလာ
ဤဒေသမှာ၊ တစ်သက်တာ …..
- ရာဇ၀င်ကောင်း၊
သမိုင်းကြောင့်
လက်လွတ်မခံ၊
အမွေဟောင်း …..။
·
- "ပညာမရှိ၊ ထိုလူသား
မျက်စိရှိရင်း၊
မျက်ကန်းပါ"
ဆိုရိုးစကား၊
ရိုဟင်ဂျာ့ …..
Saturday, December 8, 2012
ပန်းတိုင်သို့
ကျော်ရန်
အဟန့်
ဆွတ်ရန်
အောင်ပန်း
ရေကုန်
ရေခမ်း
လိုက်နာ
စည်ကမ်း
မမူ
အကြမ်း
ခံမည်
အဖမ်း
စိတ်က
ပင်ပန်း
မေ့၍ အနမ်း
ရှေ့သို့သာလှမ်း
နောက်မဆုတ်တမ်း
အမှားဟောင်း
မွံ့မံ
ဖော်ထုတ်
အမှန်
နလုံးသားသန့်
ပူးပေါင်းအံ့……………
ဆုတောင်း
၁။ အဖော်မဲ့
အားငယ်
ကိုးရာမဲ့
စိတ်ငယ်
ပြုသမျှခံ
ရိုဟင်ဂျာမှန်
နောင်ရေးကိုတွေး
ရတက်မအေး
စိတ်
အမြဲ လေး….
၂။ ရှိတာကို
မရှိခံ
ပိုင်ရှင်ဖြစ်လည်း
အသိမ်းခံ
အိမ်တွေ
မီးရှို့ခံ
အသက်တွေ
စတေးခံ
ရေရှည်
စီမံ
ခံ…ခံ…ခံ
ရိုဟင်ဂျာ
လောကဓံ….
၃။ ထွက်ပေါက်မဲ့
ရိုဟင်ဂျာ
ကုလားတန်မြစ်က
ဖြေသိမ်းစရာ
ရာဇာဝင်
ရိုင်းတဲ့ လှိုင်းတွေကြား
အသက်ပေါင်းများစွာ
မျိုသိပ်ခံရ….
Subscribe to:
Posts (Atom)