Friday, March 15, 2013

"ပျားတို့ဘ၀သဖွယ် ရိုဟင်ဂျာ့ဘ၀"


·         ဟိုတောင် ဒီတောင်၊ ပျံဝဲရင်း
ဟိုပင် ဒီပင်၊ လိုက်ကြည့်ရင်း
ဟိုပန်းပေါ် ဒီပန်းပေါ်၊ နားသယောင်နှင့်
မရပ်မနား ၀တ်မှုန် ကူးရင်း
နှုတ်သီးဖြင့် သယ်လာ၊ သေးငယ်အစက်
အချိန်ယူပြီး၊ ပျားအုံဆောက်ကြ ….

·         အားချိန်မရှိ
ပင်ပန်းမှန်းမသိ

နေပူမိုးရွာ အေးဒဏ်ခံ
ရှိသမျှအားစိုက် လုပ်ခဲ့ရပြီးမို့
ငါ့မှာတစ်ခါတစ်ခါ ခေါင်းမှူးခဲ့သေးတယ်
ငါ့မှာတစ်ခါတစ်ခါ ရင်နာခဲ့သေးတယ်
ငါ့မှာတစ်ခါတစ်ခါ ဖျားနာခဲ့သေးတယ် ….

·         ယူနီဖေါင်းသမား ထိုအဖွဲ့သား
ငါ့ပင်ပန်းမှု ကိုယ်ချင်းမစာ
ငါ့အနာကို မသိယောင်ဆောင်
ငါ့ဒုကကို လစ်လျူရှု
တွေ့သမျှပျားအုံ အပိုင်စီး
အောက်ကမွှေးပေး အရှိန်ပြင်းမီး ….

·         နှစ်နှင့်ချီပြီး ဆောက်ခဲ့တဲ့အိမ်
မီနှစ်ပိုင်းတွင်း ပြိုဖျက်ဆင်ဖျက်
မီးလောင်ခံတဲ့ ပျားကလေးများ
မီးအရှိန်ကြောင့် ဆုံးသူဆုံးနှင့်
ဟိုဝေးဝေးကို ပြေးသူပြေးနှင့် ….

·         ငါမွေးတဲ့ငါ့သားသမီး မျက်နှာ
လှည့်ကြည့်ချိန်မရ ငါလည့်ပြေးရ
ငါ့ရင်ပူလောင် ရင်ထဲနာချိန်
ပျားရည်ရသူ ပြုံးလို့ရွှင်လို့ ….

·         သြော် ….
"မြေမျို လူမျိုမပြုတ်
လူမျိုမှ လူမျိုးပြုတ်သည်"
လ၀က ရုံးထဲ ဆိုင်းဘုတ်အတိုင်း
ငါ့လူမျိုးတွေ အမျိုခံနေရပြီးလား ….
ငါ့လူမျိုးတွေ မျိုးပြုတ်ခံနေရပြီးလား ….

ရိုဟင်းဇာနည်(ယျာတင်)

No comments:

Post a Comment