Monday, September 30, 2013

ရိုဟင်ဂျာပိုင်လယ်ယာမြေများသိမ်းယူခြင်း၊ မောင်တော။


ဒုချီးရာတန်း နှင့် နိုရိုလာရွာကြားရှိ မိုနာစရီကွင်းသည် ရိုဟင်ဂျာများပိုင်သော လယ်ယာမြေဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ဧက ၄၇၀ သိမ်းယူပြီး န.တ.လ အားလွဲအပ်ပေးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် တစ်ခါထပ်မံ ဧက ၂၀ ကိုလည်းသိမ်းယူခဲ့သည်။ ယခုကျန်ရှိသော ဧက ၁၀၀ နီးပါးကိုလည်း န.တ.လ များလာရောက် ထွန်ုယက် နေသောကြောင်းကိုရွာသားများက ခရိုင်စိုက်ပျိုးရေးမန်နေဂျာအားတိုင်တန်းခဲ့ရာ ၎င်းမန်နေဂျာက န.တ.လ များအားတားမြစ်ခဲ့သည်။ ၎င်းပြင် ဗောဓိဂုဏ်းကျောင်းတိုက်ဆရာတော်က မြို့နယ်နှင့်ခရိုင်အုပ်ချုပ်ရေး မှူးများ နှင့် ညှိနိုင်း၍ ကျောင်းအတွက်လိုအပ်နေသည်ဟုဆိုကာ ရိုဟင်ဂျာများအား စိုက်ပျိုးရန်တားမြစ်ခဲ့သည်။ ထို့အပြင် ရိုဟင်ဂျာများကို ၎င်းမြေပြင်ပေါ်တွင် တွေ့လျှင်သတ်ပစ်မည်ဟု န.တ.လ များနှင့်ဘုန်းကြီးများက ခြိမ်းခြောက်နေသည်။ ၎င်းမြေသည် နိုရိုလာနှင့် ဒုချီးရာတန်းရွာသားများအဓိက မှီခိုအားထားရသောမြေ ဖြစ်ပါ သည်။ ယခု ၎င်းမြေကိုထွန်ယက်စိုက်ခြင်းမပြုနိုင်သည့်အတွက်ကြောင့် ရွာသားများစာဝတ်နေရေး အလွန်ပင် ကျပ်တည်း မှုနှင့်ရင်ဆိုင်ရလျက်ရှိနေပါသည်။

No comments:

Post a Comment