Monday, September 2, 2013

“သနားစရာလွှတ်တော်ကိုယ်စားလှယ်”



လွှတ်တော်ကိုယ်စားလှယ်ဟူသည် ပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြသည်။ တို့ကို ပြည်သူများက မိမိတို့၏အသဲထဲက မဲပြားများဖြင့်ရွေးချယ်တင်မြောက်ရောသည်။ မိမိတို့ မဲဆနရှင်ပြည်သူများအတွက် လိုအပ်၊ သင့်တော်၊ ယျေက်ပတ် ဖက်စုံ ဒေါင့်စုံ နှင့်ကိုက်ညီသော ဥပဒေများကို သဘော ချင်း မျှ၊ ဓေါင်ချင်းညှိ ဆွေးနွေးတိုင်ပင်ပြဌာန်းရခြင်းသည်ပင်လျှင် ထိုသို့သောကိုယ်စားလှယ်တော်ကြီးများ၏ အဓိကတာဝန်ပင်ဖြစ်သည်။


မြန်မာနိုင်ငံတွင် လွှတ်တော် ၃-ရပ် ရှိသည်။ ထိုလွှတ်တော်များအတွက် ကိုယ်စားလှယ်တော်ကြီးများကို “ပြည်သူ့ထံမှ ပြည်သူ့ထံသို့” ဆိုသည့် ဒီမိုကရေစီ အနှစ်သာရနှင့် အညီ ပြည်သူတို့က ရွေးချယ်တင်မြောက် လိုက်ပါပြီ၊ လွှတ်တော်တို့မှာ လည်း နေသားတကျပေါ်လာပါပြီ၊ ဥပဒေအချို့ကို အတော်အသင့် ပင်ပြဌာန်းနိုင်ခဲ့ပါပြီ၊ ဆိုလိုသည်မှာ ဒီမိုကရေစီ စက်ယန္တရားကြီးသည် စတင်စက်နိုးလိုက်နိုင်ပြီဟု ဆိုလိုခြင်းပင်၊ စက်ယန္တရားကြီးစတင်နိုးလိုက်သည်နှင့် စက်ထဲရှိအစိတ် အပိုင်းအားလုံးသည် သူ့အစီအမံနှင့် စတင်လှုပ်ရှားလာရသည်။ ထိုမှမဟုတ်လျှင် စက်ယန္တရားကြီးသည် ချိုးယွင်းနေသည် ဟုဆိုနိုင်သည်။

ယ္ခုအခါ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလွှတ်တော်စက်ယန္တရားကြီးတွင်လည်း၊ ၎င်း၏ အစိတ်အပိုင်းအားလုံး လှုပ်ရှားနေသည်ကို တွေ့မြင်ရခြင်းမရှိပါ။ စက်ချိုးယွင်းနေသည်အလားဖြစ်နေ၍တော့နင်း၊ တော့နင်း သွားနေရပါသည်။ လွှတ်တော်ထဲရှိ ကိုယ်စားလှယ်အများစုမှာ လှုပ်ရှားသော်လည်း တစ်ချို့မှာမူ မလှုပ်ရှား ဘဲ နေနေသည်ကို တီဗွီဖန်သားပေါ်တွင် နေ့တတူဝါး တွေ့နေရပါသည်။ တလောတုန်းက လွှတ်တော်ဥက္ကဋ မှ အတင်းပြောရသည်ဟူ၍ပင် ရေဒီယိုသတင်းမှ ၀မ်းနည်းစရာကြား ခဲ့ရပါသည်။ 

၎င်းတို့သည် တပ်မတော်သား ကိုယ်စားလှယ်များဖြစ်သည်။ ၎င်းတို့၏ဇာတ်မြစ်ကို လေ့လာကြည့်ပါက၊ ၎င်းတို့သည် ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ တပ်မတော်သားတို့၏ ဆန္ဒသဘောထားနှင့် ရွေးကောက် တင်မြှောက်ခြင်းမဟုတ်၊ သက်တမ်းမဲ့၊ တာဝရခန့်ထားခြင်း၊ ရွေးထားခြင်းခံရသောကာကွယ်ရေး ဦးစီးချုပ်ငယ် ခေါင်းကောက်ရွေး ချယ်ထားသော တပ်မတော်သား များသာဖြစ်သည်။ ၎င်းသူတို့သည် ကန့်သတ်မှုအဖုံဖုံကြားတွင် မြေစာပင်ဖြစ်နေကြသူများသာဖြစ်သည်။

စာရေးသူအနေဖြင့် ကန့်သတ်ချက် ၃-ရပ်ကို တွေ့မြင်ပါသည်။ ဥါဏ်ကြီးများစဉ်းစားခြင်းဖြင့် ထိုထက် မကသော ကန့်သတ် ချက်များ ဖေါ်ထုတ်နိုင်မည်ဟု ရိုးသားစွာဖြင့်ယုံကြည်ပါသည်။ စာရေး သူ မြင်တွေ့သော ကန့်သတ်ချက်များမှာ-၁။ အမိန့် အာဏာဖြင့်ကန့်သတ်ခြင်း၊ ၂။ နေရာထိုင်ခင်းဖြင့် ကန့်သတ်ခြင်း နှင့် ၃။ ၀တ်စားဆင်ယင်မှုဖြင့်ကန့်သတ်ခြင်းတို့ဖြစ်သည်။

၁။ အမိန့်အာဏာဖြင့်ကန့်သတ်ခြင်း။   ။ ကာကွယ်ရေးဦးစီးချုပ်မှ ရွေးချယ်သောကြောင့် သူ၏အမိန့် အာဏာ၊ သူ၏ သဘောထားကိုမလွန်ဆန်နိုင်၊ မပြောရဲ၊ မဆိုရဲ၊ ဆနမဖေါ်ရဲ၊ မလုပ်ရဲ၊ မကိုင်ရဲဖြစ်သည်။ ချိုင့်ထဲမှ သာလိကာငှက်အား မည်သို့စောင့်ရှောက်ပြုစုစေကာမူ ငှက်အခွင့်အရေးဆုံးရှုံးစမြဲပင် မဟုတ်ပါလော။

၂။ နေရာထိုင်ခင်းဖြင့်ကန့်သတ်ခြင်း။   ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တို့သည် အထက် အမိန့်နှင့်အညီ တနေရာတည်းတွင်တိုင်နေခြင်းလား၊ သူတို့သဘောနှင့်ပင်သူတို့တိုင်နေခြင်းလားမသိ၊ တစ်နေရာ တည်းတွင် တိုင်နေသည် ကိုတွေ့ရှိနိုင်သည်။ ထိုသို့ဖြင့် သူတို့သည် လွှတ်လပ်မှုကင်းမဲ့၏။ တခြားကိုယ်စားလှယ်တို့နှင့် ဟန်ဖန်အမူအရာဖြင့် လည်းကောင်း၊ တီးတိုးပြောဆိုခြင်းဖြင့်လည်းကောင်း၊ မည်သူမျှအဆက်အသွယ်မပြုနိုင်၊ တစ်ဦးကိုတစ်ဦး အားနာလား၊ ခြောက်နေလားမသိ၊ ရုပ်သေးစင်ပေါ် တင်ထားသော ရုပ်သေးရုပ်ပမာ ငြိမ်သက်စွာ တိုင်နေရပါသည်။

၃။ ၀တ်စားဆင်ယင်မှုဖြင့်ကန့်သတ်ခြင်း။   ။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တို့သည် တစ်ခြား ကိုယ်စားလှယ် များနှင့်မတူဘဲ မိမိတို့၏တပ်မတော်ဝတ်စုံကို ဆင်မြန်းထားရသည်။ တို့သည်၊ ငါသည် တပ်မတော်သားဖြစ်သည်၊ အရပ်သားအတွက်ပြောရမလား မပြောရဲ၊ မဆိုရဲဘ၀ဖြင့်အချိန် ကုန်လွန်သည် ကိုတွေ့ရသည်။

တပ်မတော်သားတို့သည်လည်း၊ ပုတုစဉ်လူသားများဖြစ်ကြသည်။ သူတို့မှာ လွှတ်လပ်စွာဆနထုတ်ဖေါ်၊ လှုပ်ရှားသွားလာမှု များရှိသင့်သည်။ မဟုတ်လျှင် လူ့အခွင့်အရေးချိုးပေါက်ခံနေရသော ဒုကသည် ဘ၀ရောက်သွားပါမည်။ ရောက်လည်း ရောက်နေသည်မှာ လွှတ်တော်ပေါ်ပေါက်ခါစကပင် သနား စရာတွေ့မြင်နေရသည်။

အဆိုတစ်ရပ်ကို ဆွေးနွေးချိန်တွင် အမိန့်မခံရမဆွေးနွေးရ၊ အမိန့်ခံ ခွင့်ပြုချိန်တွင် အဆိုကပြီးသွားပြန် သည်။ သို့နှင့် သူတို့ခမျာ ကာကွယ်ရေးဦးစီးချုပ်နှင့် လွှတ်တော်အကြား မြေစာပင်ဖြစ်နေရသည်။

“ရောဂါရှိက၊ ဆေးရှိသည်” အတိုင်း ကန့်သတ်ချက်ကို အောက်ပါအတိုင်းဖြေရှင်းနိုင်ပါသည်။

   ၁။ ကာကွယ်ရေးဦးစီးချုပ်မှ တိုက်ရိုက်မရွေးဘဲ တပ်မတော်သားအတွင်းလွှတ်လပ်စွာအရွေးခံပိုင်ခွင့်၊ လွှတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ပေးလိုက်ပါက တပ်မတော်သားများက မိမိတို့၏ကိုယ်စားလှယ်များကို ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ရွေးကောက်တင်မြှောက်ပါက ဦးစီချုပ်၏ အနှောင်အဖွဲ့လွှတ်တော်မြောက် သွားပြီး လွှတ်လပ်စွာ ပြောရဲ ဆိုရဲလာမည်။

  ၂။ နေရာတိုင်ခင်းမှုကို အမည်နာမပါ အကရာစဉ်အလိုက် နေရာချပေးပါက တစုတစည်းတည်း မနေရဘဲပြန့်ကြဲသွားမည်။ လွှတ်လပ်သွားမည်။

     ၃။ ၀တ်စားဆင်ယင်မှုအား မိမိတို့၏ရိုးရာယာဉ်ကျေးမှုနှင့်အညီ ရိုးရာဝန်စုံကို ၀တ်ဆင် ခွင့်ပေးခြင်းဖြင့် စစ်ဝတ်စုံ ပျောက်ကင်းသွားပြီးလွှတ်လပ်ပွင့်လင်းလာမည်။ အထက်ပါအတိုင်း ပြင်ဆင်ကုစားမှုကို အချိန် မီဆောင် ရွက်နိုင်ပါမှ မြန်မာ့ဒီမိုကရေစီ စက်ယနရားကြီးသည် အရှိန်ရလာ ပြီး ရှေသို့ တက်လှမ်းနိုင် မည်ဖြစ်ကြောင့် တင်ပြလိုက်ရပါသည်။
 
                                                                                                                  ကြင်မင်းဆွေ

No comments:

Post a Comment