ယခင် နစက ရှိစဉ်ကာလတွင် ရိုဟင်ဂျာများ ထိမ်းမြားလျှင် နစက ထံမှ
ခွင့်ပြုမိန့်စာရယူရသည်။ ယခု နစက ဖြိုဖျက်ခဲ့သော်လည်း အာဏာပိုင်များက ၎င်းအမိန့်ကို ရုပ်သိမ်းခဲ့ခြင်းမရှိခဲ့ချေ။
ယခုဆိုလျှင် ကျေးရွာ အုပ်ချုပ် ရေးမှူး ထံမှ ခွင့်ပြုမိန့်စာရယူရသည်။ ၎င်းကို ကျေးရွာအုပ်ချုပ်ရေးမှူးများက အခွင့်ကောင်း ယူနေကြောင်းတွေ့ရ
သည်။
မြင့်လွှတ်ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုမိန့်စာရယူလိုလျှင်
ကာယကံရှင် သတိုးသားနှင့် သတိုး သမီး နှစ်ယောက်စလုံးသွားရသည်။ ရုံးသို့မ၀င်မီခြံဝင်းအပြင်ဘက်၌ (ဘုရ်ကာ) ချွတ်စေသည်။ စာချုပ်လက် မှတ်
ရေးထိုးရာတွင် သတိုးသမီးများကို လက်မှတ်ထိုးခွင့်မပြု၊ လက်ဗွေသာနှိပ်ရမည်ဟုဆိုကာ အမျိုးသမီး၏
လက်ကိုသူကိုယ်တိုင်ကိုင်စွဲကိုင်၍ လက်ဗွေနှိပ်စေသည်။ ငွေလည်း ၃၀၀၀၀ မှ ၅၀၀၀၀ ကျပ်အထိ ပေးရ သည်။
မလ၀ီ-အဘ်ဒူမူနာဖ် (ဘ) ဆိဒိက်၊ ရှိဒ္ဒရွာ၊ မြင့်လွှတ်ကျေးရွာအုပ်စုတွင် နေသူသည် လက်ထပ်ခွင့်ပြုမိန့်စာ
ရယူရန် သွားသော် အုပ်ချုပ်ရေးမှူးက အထက်ပါအတိုင်း လုပ်နေသဖြင့် ၎င်းမလ၀ီက ဤလုပ်ရပ်သည် အစ္စလာမ်ဘာသာနှင့်
ဆန်းကျင်နေသည်ဟု ဆိုခြင်းကြောင့် သူအားခွင့်ပြုမိန့်စာပေးခြင်းကို ပိတ်ပင်လိုက် သည်။
အောက်ပါ ပိုဂ္ဂိုလ်များသည်
သူ၏ ဣနြေ္ဒပျက်ရက်စက်မှုခံခဲ့ရသူများဖြစ်ပြီး ငွေ ၃၀၀၀၀
ကျပ်စီ ပေးခဲ့ရသူ များ ဖြစ်ကြသည်။
၁။ မလ၀ီ-ရှားအာလောမ် (ဘ) ဆိရားဇုလ်အစ္စလာမ် ရှိဒ္ဒရွာ၊ မြင်းလွှတ်ကျေးရွာ
၂။ ဇီယာအူရားမာန်း (ဘ) အာဇီမုလ္လာ ဖောအိရရွာ၊
မြင်းလွှတ်ကျေးရွာ
၃။ မူဟာမတ် ဟုဆိန်း (ဘ) အာဇီမုလ္လာ ဟောရိတောလီရွာ၊
မြင်းလွှတ်ကျေးရွာ
၎။ မူဟာမတ် နော်မာန် (ဘ) ဟဂျိ-ကေဖားယတ်အုလ္လာ ဟန်နွားဟာရားရွာ၊
မြင်းလွှတ်ကျေးရွာ
၅။ မလ၀ီ-ကော်ရီမုလ္လာ (ဘ) ဟာဘိအုလ္လာ ဟောရိတောလီ၊ မြင်းလွှတ်ကျေးရွာ
၆။ မလ၀ီ-ဇာဟိတ်ဟုဆိန်း (ဘ) ဟာဘိအုလ္လာ ဟောရိတောလီ၊
မြင်းလွှတ်ကျေးရွာ
၇။ မလ၀ီ-အဘူကော်ဆိဒိက်(ဘ) မလ၀ီ-အာမိန်အုလ္လာ ဟောရိတောလီ၊
မြင်းလွှတ်ကျေးရွာ
၈။ မလ၀ီ-ရှာမ်မျာ (ဘ)
ဟရှိမုလ္လာ ဟောရိတောလီ၊ မြင်းလွှတ်ကျေးရွာ
၉။ မလ၀ီ-အေဇာဇူ (ဘ)
ဟာဘီဘူရာမာန် ဟောရိတောလီ၊ မြင်းလွှတ်ကျေးရွာ
တစ်ဖန် ရွှေဇား နှင့်အလယ်သံကျော်ကျေးရွာအုပ်ချုပ်ရေးမှူးများဖြစ်သော
နှလုံးချေ(ရခိုင်)နှင့် မောင်ထွန်းနိုင် တို့သည် လက်ထပ်ခွင့်မိန့်စာ တစ်စောင်လျှင်
ငွေ ၅၀၀၀၀ ကျပ်စီညှစ်နေကြောင်းကိုလည်းသိရပါသည်။
No comments:
Post a Comment