Sunday, October 6, 2013

ရိုဟင်ဂျာကျောင်းသားများ၏ဘာသာရေးအဟန့်အတား၊ မောင်တော။



၂၇၊ ၉၊ ၂၀၁၃ ရက်နေ့ သောကြာနေ့တွင် တစ်ချို့သောကျောင်းသားများသည် အထက ခြံဝင်းအတွင်း ရှိ ကျောင်းဗလီတွင် ဂျူမာ နမာဇ် ၀တ်ပြုခဲ့သည်။ နောက်နေ့တွင် တပ်ရင်းမှူးက အုပ်ချုပ်ရေး မှူးကို ဗလီအား သော့ခတ်ပေးရန်အမိန့်ချခဲ့သည်။ ကျောင်းသားများက တပ်ရင်းမှူးထံ အသနားခံသော် လည်း တပ်ရင်းမှူးက ပုဒ်မ ၁၄၄ ရှိခွင့်မပြုနိုင်ဟုဆိုခဲ့သည်။

ပုဒ်မ ၁၄၄ သည် ရိုဟင်ဂျာများရဲ ဗလီအတွက်သာ သက်သက်ဖြစ်သည်။ ဘုန်းကြီးကျောင်းအတွက်မဟုတ်၊ ဘုန်းကြီးကျောင်းတွင်နေ့စဉ်လူများစုဝေးသီတင်းသုံးနေသည်မှာ ပုဒ်မ ၁၄၄ နှင့် မဆန်းကျင်ပါ အဘယ်ကြောင့် ဆိုသော် တို့သည် ဗုဒဘာသာဝင်များဖြစ်ပြီး ရိုဟင်ဂျာတို့သည် အစလာမ်ဘာသာဝင် များသာ ဖြစ်နေ သောကြောင့်ဖြစ်ပါသည်။

No comments:

Post a Comment