၉၊ ၉၊ ၂၀၁၃ ရက်နေ့ ဓါးပြတိုက်ခံရသော ငန်းချောင်းကျေးရွာနေ ဦးအဲခ်ဘာလ်
နေအိမ်အား ၀င်ရောက် ဓါးပြ တိုက်မှုတွင်ပါဝင်သည်ဟု စွပ်စွဲကာ ကြိမ်ချောင်းရဲများက ကြက်ရိုးပြင်ကျေးရွာမှ
ရိုဟင်ဂျာ ခုနှစ်ယောက်ကို ၁၆၊ ၉၊ ၂၀၁၃ ရက်နေ့ နံနက် ၅း၀၀ နာရီတွင် မိမိတို့နေအိမ်မှလာရောက်၍ဖမ်း ဆီးခေါ်ဆောင် သွားခဲ့သည်။ ၎င်းတို့ ထဲမှ ၆-ဦးကို ငွေ ၂-သိန်းစီ ညှစ်ယူပြီး
ညနေပိုင်းတွင်လွှတ်ပေးခဲ့ လိုက်သော်လည်း ကျန်တစ်ယောက်ဖြစ်သော ကြက်ရိုးပြင်၊ ရွာမ နေ အာဘူတော်ယုပ်
(ဘ) ဟုဆောင်း- အသက် ၂၇-နှစ် အား မောင်တောမြို့နယ် ရဲစခန်း သို့ပို့လိုက်ခဲ့ပြီး ထိုရဲစခန်းမှ
ယခုထိလွှတ်မပေး ဘဲ ငွေကျပ် သိန်း ၂၀ တောင်းခံနေသည်။ အကယ်၍အချိန်မှီ ငွေမရလျှင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်း ခံရကြောင်းဟု၍လည်း ခြိမ်းခြောက်နေပေသည်။
ငွေညှစ်ခံရပြီးလွှတ်မြောက်လာသူ ၆-ဦးတို့မှာ-
၁။ နုရ်ဘော်ရှောရ် (ဘ)
ရှောမ်မူလုခ် (၃၅-နှစ်) ကြက်ရိုးပြင်၊ အနောက်ရွာ
၂။ ဇာဖေါရ် (ဘ)
နာဇိရ်ဟုဆိန်း (၂၇-နှစ်) ကြက်ရိုးပြင်၊ အနောက်ရွာ
၃။ ဇော်ဟိရ်အာမတ် (ဘ)
ဟာရာမ်အာလီ (၄၀-နှစ်) ကြက်ရိုးပြင်၊ ရွာမ
၎။ ဆိုက်ဖုလ်အစ္စလာမ် (ဘ) ဖေါယဇုလ်ဟောက် (၃၅-နှစ်) ကြက်ရိုးပြင်၊
ရွာမ
၅။ အာဖ်တာရ်ကာမာလ်(ဘ)
ဖေါ်ဇောလ်အာမတ်(၃၀-နှစ်) ကြက်ရိုးပြင်၊ ရွာမ
၆။ အာဘူတော်ယုပ် (ဘ)
ဟာလူ (၂၈-နှစ်) ကြက်ရိုးပြင်၊ ရွာမ
No comments:
Post a Comment